The Last 12 Days (2024) "တို့နှစ်ယောက်ခရီး" ကိုရီးယားကားတွေနည်းတူ ရိုကြမယ့် ဖိလစ်ပိုင်အချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ဒန်နီရယ်နဲ့ ကမ်မီလီတို့ဟာဆိုရင် အိမ်မွေးတိရစ္ဆာန်ပစ္စည်းစတိုးဆိုင်လေးမှာ အတူတူအလုပ်လုပ်ရင်း အနာဂတ်အတွက် ရှေ့တစ်လှမ်းတိုးဖို့ ပြင်ဆင်နေကြတဲ့ ချစ်သူနှစ်ဦး ဒန်နီရယ်ဆီမှာ နေစရာမရှိလို့ ကမ်မီလီရဲ့တိုက်ခန်းမှာ အတူနေရင်း ရုတ်တရက်အိမ်ကိုလာတဲ့ ကမ်မီလီ့အမေကြောင့် ပြဿနာတက်သွားခဲ့တယ် ဒါကြောင့်ပဲ ဒန်နီရယ်တစ်ယောက် မိဘအိမ်ကိုပြန်သွားပြီး ခဏတာဝေးကွာသွားခဲ့ပါတယ် ဒီလိုမျိုး အကြိမ်ကြိမ်အခါခါ စာမေးပွဲစစ်တာတွေကို ကျော်ဖြတ်ပြီး သူတို့နှစ်ယောက် လက်ထပ်နိုင်မှာလား ငိုပဲငိုရမှာလားကတော့ ပရိသတ်တို့ပဲ ဆက်လက်ကြည့်ရှုလိုက်ပါ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Team မှ ဖြစ်ပါတယ် File size…2.4 GB / 1.2 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 4min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team
ဇာတ်ကားကြည့်ရန်The Last 12 Days
2024
Kadha Innuvare (2024) "အချစ်နောက်လိုက်ခြင်း" ရိုးရိုးစင်းစင်း မလေယာလမ် ဇာတ်လမ်းတစ်ပုဒ်ကို ပရိသတ်တို့ ရင်အေးစေဖို့ တင်ဆက်လိုက်ပါတယ် ဒီဇာတ်လမ်းမှာဆိုရင် မတူညီတဲ့ အချစ်ဇာတ်လမ်းလေးပုဒ်ကို စတိုင်တစ်မျိုးနဲ့ တင်ဆက်ထားတာကို ကြည့်ရမှာပါ ရာမာချန်ဒရန်က သက်လတ်ပိုင်း ရုံးလုလင်တစ်ယောက်ဖြစ်ပြီး တစ်သက်လုံးလူပျိုလုပ်လာခဲ့ပြီးမှ ရုံးကိုအသစ်ရောက်လာတဲ့ အထက်အရာရှိအမျိုးသမီးကို ချစ်မိသွားတဲ့လူ ဂျိုးဆပ်ဆိုတာက နိုင်ငံရေးသမားတစ်ယောက်ရဲ့ တပည့်ဖြစ်သူ၊ အကြမ်းနည်းသုံးပြီး ပြဿနာတစ်ခုကို ဖြေရှင်းရင်း ဆတ်ဆတ်ကြဲရန်တွေ့တတ်တဲ့ ကျောင်းသူတစ်ယောက်နဲ့ ငြိသွားခဲ့တယ် နောက်ပြီး ဆင်းရဲတဲ့ကျောင်းသားလေးတစ်ယောက်က သူ့ထက်သာတဲ့ ကျောင်းသူကောင်မလေးရဲ့ အချစ်ကို ရဖို့ကြိုးစားပုံနဲ့ အရက်ဆိုင်မှာအလုပ်လုပ်ပြီး ရွှေကြာမလေးတစ်ယောက်ကိုမှ သဘောကျသွားတဲ့ ရိုးသားတဲ့ဖိုးသခွားလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပုဒ်ကို ခံစားကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…1.6 GB / 878 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
ဇာတ်ကားကြည့်ရန်Kadha Innuvare
2024
Seeking a Friend for the End of the World (2012) IMDb....6.7 ၃ပတ်အတွင်းမှာ ကမ္ဘာကြီးက ဂြိုလ်ဆိုင်တစ်ခုနဲ့တိုက်မိပြီး ကမ္ဘာပျက်တော့မယ်တဲ့ နောက်ဆုံးအချိန်လိုဖြစ်နေတဲ့ (၃)ပတ်မှာ ခင်ဗျားဆိုရင်ရော ဘာတွေဆက်လုပ်မိမှာပါလိမ့်.... Dodgeဆိုတဲ့ အာမခံဝန်ထမ်းတစ်ယောက်ကတော့ အဲဒီသတင်းကို ကြားလိုက်ရပြီး ခဏတာ သွေးပျက်သွားခဲ့သလို တိုက်တိုက်ဆိုင်ဆိုင် အဲဒီအချိန်မှာ သူ့မိန်းမကလည်းထားသွားခဲ့တယ်.. ဒါပေမဲ့ သူ့ဘဝကို သူ ပုံမှန်ဆက်သွားဖို့ ကြိုးစားတယ် ... Pennyဆိုတဲ့ ကောင်မလေး သူ့မိသားစုဆီသွားဖို့ နောက်ဆုံးလေယာဉ်ကို လွတ်သွားတယ်.. ကမ္ဘာကြီးကလည်း(၃)ပတ်အတွင်း ပျက်သုဥ်းသွားနိုင်သတဲ့... သူတို့၂ယောက်ကအိမ်နီးချင်းတွေ... (၃)ပတ်ဆိုသော ကာလလေးမှာ သူတို့(၂)ယောက်ဟာ ဘယ်လိုဖြတ်သန်းကြမလဲ.... ... ဒီကားထဲကဟာသမင်းသားကြီး Steve Carell နဲ့ မင်းသမီးချော Keira Knightleyကိုတော့ ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ်... ဟာသဟန်တွေနဲ့ ဘဝနေနည်းတစ်ချို့ကို အချိန်ကိုက်ပြသွားတဲ့ကားလေးမို့ ကြည့်လိုက်ပါဦးလို့......... (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ JtheKoala ဖြစ်ပါတယ်..) File Size : 1.32GB/ 550MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:41:00 Genre : Adventure, Drama, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by JtheKoala
ဇာတ်ကားကြည့်ရန်Seeking a Friend for the End of the World
2012
ဒီတစ်ခေါက်မှာတော့ CM fan တွေအတွက် နန်းတွင်းကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါရစေ မြောင်ဆောင်း မိဖုရားကြီး အကြောင်း ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ် Grand Prix Action Asia/ Best Action Asia Film စတဲ့ ဆုကြီးတွေကိုလည်းရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ မင်းသမီးကြီး Soo-Ae နဲ့ Stranger ဇာတ်ကားက မင်းသား Cho Seung-Woo တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်း ဂျာယောင်းဆိုတဲ့ အမျိုးသမီးဟာ ဂျိုဆွန်းရဲ့ မိဖုရားခေါင်ကြီး အဖြစ်ရွေးကောက်ခံရပါတယ် သူမ မိဖုရားဖြစ်လာမှာ မလိုလားသူတွေဟာ လုပ်ကြံသူ မူမြောင်းကို ငှားရမ်းပြီး သူမကို လုပ်ကြံခဲ့တယ် ဒါပေမယ့် မူမြောင်းဟာ အရင်တည်းက ဂျာယောင်းနဲ့ သိကျွမ်းခဲ့ပြီး ဂျာယောင်းကို တဖတ်သတ်ချစ်နေတဲ့သူဖြစ်လို့ လုပ်ကြံရမယ့်အစား ကယ်တင်ပေးခဲ့ပါတယ် ဂျာယောင်းမိဖုရားကြီး ဖြစ်သွားတဲ့ အခါမှာလည်း နန်းစောင့်တပ်သားဝင်လုပ်ပြီး ဆက်တိုက်ကာကွယ်ပေးခဲ့တဲ့နောက်... ထီးနန်းရဲ့ ရှုပ်ထွေးမှုတွေ နိုင်ငံရေး ပဋိပက္ခတွေကြားမှာ သူချစ်တဲ့ မိဖုရားကြီးကို ဆက်လက်ကာကွယ်နိုင်မလားဆိုတာ ဒီဇာတ်ကားလေးမှာ ဆ်လက်ကြည့်ရှုကြပါနော်...။ *** 18+ ဇာတ်ဝင်ခန်းများပါဝင်တဲ့အတွက် မိသားစုနဲ့ တူတူကြည့်ရှုဖို့ မသင့်တော်ပါဘူး *** ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Seung ဖြစ်ပါတယ် ) Quality__720p IMDb Rating__6.3/10 Format__mp4 Duration__02:05:00 Type__Action , Drama , History Subtitle
ဇာတ်ကားကြည့်ရန်The Sword with No Name
2009
ဒီတစ်ခါမှာတော့ How to Talk to Girls at Parties ဆိုတဲ့ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားမှာတော့ အားလုံးရဲ့အချစ်တော် မင်းသမီးချောလေး Elle Fanning နာမည်ကျော်မင်းသမီးကြီး Nicole Kidman အပြင် မင်းသား Alex Sharp တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ Enn တို့သူငယ်ချင်းတစ်သိုက်ဟာ ထိုအချိန်က ခေတ်စားနေတဲ့ ပန့်ဂီတနဲ့ ယဉ်ကျေးမှုကို ရူးသွပ်ကြတဲ့သူတွေဖြစ်ပါတယ်။ တစ်ရက် ပန့်ဂီတပွဲကိုသွားပြီးအပြန်မှာထူးဆန်းတဲ့ ဂီတသံတွေကြားတာကြောင့် လိုက်လံစပ်စုရာမှ ထူးဆန်းတဲ့လူတွေ နေထိုင်တဲ့ အိမ်ကြီးတစ်အိမ်ဆီကိုရောက်ရှိသွားပါတယ်။ တကယ်တော့ အဲဒီလူတွေဟာ လူအစစ်မဟုတ်ဘဲ ကမ္ဘာမြေကို မကြာသေးခင်ကမှရောက်ရှိလာတဲ့ ဂြိုလ်သားတွေပဲဖြစ်ပါတယ်။ အဲဒီလို Enn တို့သူငယ်ချင်းတွေ ထိုအိမ်ကြီးကိုရောက်ရှိသွားရာက ဂြိုလ်သားမလေးZen နဲ့ တွေ့ဆုံခဲ့ရပါတယ်။ ကမ္ဘာမြေနဲ့လူတွေအကြောင်းကို အရမ်းစိတ်ဝင်စားတဲ့ ဂြိုလ်သားမလေး Zen ဟာ အတွေ့အကြုံအသစ်တွေကို ရှာဖွေချင်တာကြောင့် သူတို့ဂြိုလ်သားမျိုးရိုးတွေဆီကနေ ထွက်ပြေးပြီး Enn နောက်ကိုကောက်ကောက်ပါအောင် လိုက်သွားပါတော့တယ်။ အဲဒီလိုနဲ့သူတို့နှစ်ယောက်သား ချစ်ကျွမ်းဝင်သွားတဲ့ အခါမှာတော့......။ ဒီဇာတ်ကားမှာ ပန့်ယဉ်ကျေးမှု ဂီတတွေအပြင် ဂြိုလ်သားတွေပါ ပါဝင်နေတာကြောင့် ကြည့်တဲ့သူတွေအဖို့တော့ နည်းနည်းကြောင်တောင်တောင် နိုင်နေပါလိမ့်မယ်။ သို့ပေမယ့် ကျွန်တော့်လို့ Elle Fanning မျက်နှာကိုမြင်နေရရုံနဲ့ ကျေနပ်နေတ
ဇာတ်ကားကြည့်ရန်How to Talk to Girls at Parties
2017
My Super Ex-Girlfriend (2006) Ghostbusters ဇာတ်ကားတွေနဲ့ No Strings Attached လို နာမည်ကျော်ဇာတ်မျိုးကို ရိုက်ခဲ့တဲ့ ဒါရိုက်တာရဲ့ ရုပ်ရှင်ပါ။ အိုဝင်ဝီလ်ဆန်ရဲ့ညီ လုခ်ဝီလ်ဆန်နဲ့ အူမာသာမန်းတို့လို တန်းရှိ သရုပ်ဆောင်တွေကို သုံးထားပါတယ်။ လုခ်ဟာ အိုဝင်လောက်တော့ လူသိမများပေမဲ့လည်း ဝက်စ်အန်ဒါဆန်ရဲ့ ပွဲဦးထွက်ကားတွေနဲ့ တခြားကားကောင်းတွေမှာ ပါဖူးတဲ့ သရုပ်ဆောင်ပါပဲ။ Ethan Hawke ရဲ့ မိန်းမ အူမာသာမန်းကတော့ မသိသူမရှိလောက်ပါဘူး။ တာရန်တီနိုရဲ့ Kill Bill, Pulp Fiction တို့မှာ သရုပ်ဆောင်ဖူးတဲ့သူပါ။ သူ့ရဲ့အကောင်းဆုံးလက်ရာကတော့ Maya Hawke ပါပဲ။ စူပါပါဝါရှိတဲ့မိန်းကလေးတစ်ယောက်နဲ့တွဲမိရာကနေ အလွဲလေးတွေကြုံရပုံကို ကြည့်ရမှာပါ။ ဒီဇိုင်းကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတဲ့ Single ဖြစ်နေတာကြာပြီဖြစ်တဲ့ မက်က ရထားပေါ်မှာတွေ့တဲ့ ဂျန်နီဆိုတဲ့ကောင်မလေးကို သူငယ်ချင်းရဲ့တိုက်တွန်းမှုကြောင့် ဖွင့်ပြောပြီး တွဲဖြစ်သွားပါတယ်။ နယူးယော့ခ်မှာ G-Girl ဆိုပြီး လူတွေကိုအန္တရာယ်တွေကနေကာကွယ်ပေးနေတဲ့ စူပါဟီးရိုးကောင်မလေးတစ်ယောက်ရှိပါတယ်။ ဂျန်နီက G-Girl မှန်း မက်သိသွားတဲ့အခါ... စူပါဟီးရိုးအနေနဲ့ Cool ဖြစ်ပေမဲ့ ရည်းစားတစ်ယောက်အနေနဲ့ စိတ်ခံစားချက်များပြီး သဝန်တိုတတ်တဲ့ ဂျန်နီနဲ့မက်တို့ အဆင်မပြေကြတော့ဘဲ မက်က သူတကယ်ချစ်တဲ့သူက ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက် ဟန်နာဆိုတာသိသွားတဲ့အခါ... ဂျန်နီနဲ့ဟန်နာတို့ကြားမှာ မက်ဘယ်လိုဒုက္ခရောက်ဦးမလဲ... ဂျန်နီနေ
ဇာတ်ကားကြည့်ရန်My Super Ex-Girlfriend
2006
Ever After: A Cinderella Story (1998) ဒီဇာတ်ကားလေးကတော့ ၁၉၉၈ခုနှစ်က ရိုက်ကူးခဲ့တာဖြစ်ပါတယ်... ကလေးဘဝကတည်းက ကြိုက်နှစ်သက်ခဲ့ကြတဲ့ စင်ဒရဲလားရဲ့ဇာတ်ကြောင်းကိုတော့... အထူးမိတ်ဆက်ပေးစရာမလိုလောက်ဘူး ထင်ပါတယ်။ ဒါပေမယ့် ဒီကားလေးမှာ... စင်ဒရဲလားရဲ့ ဘယ်လိုဗားရှင်းလေးနဲ့ ပုံဖော်သွားမလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ... မင်းသမီးကြီး Drew Barrymore ရဲ့ ချစ်စရာကောင်းတဲ့ဟန်လေးတွေနဲ့ ... စင်ဒရဲလားအသစ်ကလေးတစ်ယောက်ကို မြင်ရမှာပါ...သူ့ဇာတ်လမ်းဇာတ်အိမ်သီးခြားလေးနဲ့ ... မူလကျောရိုးမပျက် ဇာတ်လမ်းလေးကိုလည်း ကြိုက်နှစ်သက်ကြမှာပါ။ ၁၉၉၈တုန်းက ရိုက်ခဲ့တာဆိုပေမဲ့... Drew Barrymoreရဲ့ ချစ်စရာကောင်းတဲ့သရုပ်ဆောင်ချက်လေးတွေကိုကြည့်ရတာနဲ့တင်... ရှေးဟောင်းကားတစ်ကားဆိုတာတောင် မေ့သွားလောက်မှာပါ ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoon Wah wah Theint ပဲ ဖြစ်ပါတယ် File Size : 2.54GB / 980MB Quality : Blu-Ray 1080p 5.1ch / 720p Duration : 02:01:00 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Yoonwahwah Theint Encoded by Heather Oo
ဇာတ်ကားကြည့်ရန်Ever After: A Cinderella Story
1998
Roti Kapda Romance 2024 (ဘော်ဒါ၄ယောက်ရဲ့ အချစ်ခရီးလမ်း) ဟာရှာ,ဆူရ်ယာ, ဗစ်ကီနဲ့ ရာဟူးဆိုတဲ့ သူငယ်ချင်းလေးယောက်ရှိပါတယ်။ သူတို့လေးယောက်လုံးဟာ ငယ်စဉ်အရွယ်တုန်းက မိဘတွေကမထိန်းနိုင်တော့ဘဲ အဆောင်ပို့ရတဲ့အထိကို ဆိုးခဲ့ကြတဲ့ သူတို့လေးယောက်၊ အဆောင်မှာ လေးယောက်သား ဆုံတွေ့ခဲ့ကြရင်းနဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်လို့လာခဲ့ပါတယ်။ ငယ်ငယ်တုန်းကတော့ မခွဲအတူ အမြဲတမ်းနီးနီးကပ်ကပ်ရှိနေခဲ့ကြတဲ့အချိန်မှာပဲ သူတို့ရဲ့ခင်မင်မှုတွေကြားမှာ မုန်တိုင်းထန်စေမယ့် ကောင်မလေးတွေ သူတို့ဘဝထဲကို ရောက်ရှိလို့လာခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့သူငယ်ချင်းလေးယောက် ခင်မင်မှုတွေ ပျက်ကုန်ပြီး အကုန် ကွဲကုန်ကြပါတော့တယ်။ ဒါပေမဲ့လည်း သူငယ်ချင်းသံယောဇဉ်က လွယ်လွယ်နဲ့ မဖြတ်တောက်နိုင်တော့ အချိန်ကြာလာတာနဲ့ သူတို့ ပြန်လည်သင့်မြတ်သွားကြပါတော့တယ်။ ဒါပေမဲ့လည်း အကုန်လုံးနေရာတွေ မတူညီတော့ပဲ ဝေးကွာနေကြတာပေါ့ ။ ဒီအချိန်မှာ ဆူရ်ယာဟာ အိမ်ခြံမြေလုပ်ငန်းနဲ့ တော်တော်လေးအလုပ်ဖြစ်နေပြီးတော့ သူငယ်ချင်းတွေနဲ့ပြန်ဆုံတွေနိုင်ဖို့ အကုန်လုံးကို သူရှိတဲ့ဂိုအာကိုလာဖို့အတွက် လက်မှတ်ဝယ်ပို့လိုက်ရင်း သူငယ်ချင်း၄ယောက် ပြန်လည်ဆုံတွေ့ဖို့ ဖြစ်လာခဲ့ပါတယ်။ ၄ယောက်သား ပြန်ဆုံတွေ့လာတဲ့နောက်မှာ သူတို့ရဲ့ခင်မင်မှုတွေကို ဖျက်ဆီးခဲ့တဲ့ တစ်ချိန်တုန်းက ကောင်မလေးတွေကို မကျေမနပ်ဖြစ်နေသေးတဲ့ ဆူရ်ယာတစ်ယောက် သူ့အနေအထားကို ပြပြီးတော့ ပြန်ချေချင်နေပါတော့တယ်။ ဒီလိုနဲ့ သူတို့ရဲ့တည်
ဇာတ်ကားကြည့်ရန်Roti Kapda Romance
2024
A Dance in the Snow (2024) IMDb Rating (6.7) ဒီဇာတ်ကားလေးကတော့ ခရစ်စမတ်မှာ မိသားစုနဲ့ ကြည့်ရမယ့် မိသားစုအချစ်ဇာတ်ကားလေး ပဲဖြစ်ပါတယ်။ Venessa Burghardt နဲ့ Erica Cerra တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီးတော့ ဒါရိုက်တာကတော့ Stefan Scaini ပါ။ ဇာတ်လမ်းအကျဉ်း… Melanie(Erica Cerra) ရဲ့ 17 နှစ်အရွယ် သမီးဖြစ်သူ Jenny(Venessa Burghardt) ဟာ ၁အော်တစ်ဇင်ရောဂါကို ခံစားနေရတဲ့ စီနီယာအထက်တန်းကျောင်းသူဖြစ်ပါတယ်။ Jenny ဟာ သူရဲ့စီနီယာနှစ်မှာကြုံတွေ့ခဲ့ရတဲ့ဆိုးရွားတဲ့ အတွေ့အကြုံကြောင့် နောက်ဆုံးဘွဲ့ယူပွဲမတိုင်ခင် ခရစ်စမတ် ကပွဲကို မသွားချင်ပဲဖြစ်နေခဲ့ပါတယ်။ အဲ့လိုနဲ့ Melanie က ကျောင်းပွဲစီစဉ်ရေးကော်မတီမှာပါဝင်ပြီး သူ့သမီးပျော်ရမယ့် ကပွဲမျိုးကို စီစဉ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲ့အချိန်မှာပဲ Jenny နဲ့ သူ့သူငယ်ချင်းများကလည်း Melanie ကို ဂုဏ်ပြုဖို့အတွက် ခရစ်စမတ်ကပွဲကို လျှို့ဝှက်စွာစီစဉ်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ တစ်ယောက်ကိုတစ်ယောက်အတွက် လုပ်ပေးချင်ကြတဲ့ ခရစ်စမတ်ကပွဲလေးတွေ အောင်မြင်စွာဖြစ်မြောက်သွားမလား အမေနဲ့ သမီးဖြစ်သူရဲ့ ကြားထဲက အဆင်မပြေဖြစ်နေမှုတွေ အဆုံးသတ်သွားမလားဆိုတာကို ကြည်နူးစွာ ကြည့်ရှုရမယ့် ကားလေးဖြစ်ပါတယ်။ ခရစ်စမတ် အချိန်အခါမှာ မိသားစုနဲ့ အတူ ကြည့်ရှုသင့်တဲ့ လှပတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Bunny ဖြစ်ပါတယ်။) File size…(1.8 GB) / (940 MB) Quality….WEB-Ri
ဇာတ်ကားကြည့်ရန်A Dance in the Snow
2024
Private Princess Christmas (2024) ခရစ္စမတ်အချိန်မှာ ပျော်ရွှင်စေမယ့် Hallmark ရုပ်ရှင်တစ်ခုပါ။ ဇာတ်လမ်းဟာ Violet (Ali Skovbye) အကြောင်းကို အခြေခံထားပြီး သူမရဲ့ တာဝန်မလေးနက်မှုကြောင့် မိခင် Eleanor (Erica Durance) က အမေရိကန်နိုင်ငံကို ပညာသင်ကြားရန် လွှတ်ပေးခဲ့ပါတယ်။ အဲ့ဒီမှာ Violet ဟာ စစ်တပ်ခေါင်းဆောင် Ryan (Derek Klena) နဲ့ တွေ့ဆုံပြီး ခေါင်းဆောင်စွမ်းရည်နှင့် ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့ကြိုးစားပါတယ်။ ဇာတ်လမ်းဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ အချစ်ဇာတ်လမ်းလေးနဲ့ ရယ်မောစရာ အခန်းများစွာ ဖန်တီးထားတာကြောင့် ခရစ္စမတ်အချိန်မှာ အပန်းဖြေဖို့ကောင်းတဲ့ဇာတ်ကားတစ်ခုပါ။ Violet ရဲ့ အခန်းကဏ္ဍတွေက စစ်မှန်တဲ့ခေါင်းဆောင်ဖြစ်ဖို့ကနေ အချစ်ဇာတ်လမ်းလေးဟာ ခရစ္စမတ်ရဲ့ အထူးပျော်ရွှင်မှု့ကို ပေးစွမ်းနိုင်မှာ အသေချာပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(1.3 GB) / (770 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Romance Duration….01:25:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar Aung
ဇာတ်ကားကြည့်ရန်Private Princess Christmas
2024
IMDb Rating (7.9/10) Rotten Tomatoes (84%) တစ်လောက အင်တာနက်မှာ နာမည်ကျော်သွားတဲ့ 'Gloomy Sunday' ဆိုတဲ့ တေးသွားကိုမှတ်မိကြဦးမှာပါ။ အဲ့ဒီသီချင်းနားထောင်မိရင် လူတွေဟာကိုယ့်ကိုယ်ကို သတ်သေကြတယ်ဆိုတဲ့ နာမည်ဆိုးနဲ့ "Hungarian Suicide Song" လို့ကြော်ကြားပါတယ်။ ဒီဇာတ်ကားဟာ အဲ့ဒီနောက်ကွယ်က သီချင်းဖြစ်ပေါ်လာပုံအကြောင်းကို တင်ဆက်ထားတာပါ။ ၁၉၃၀ ဝန်းကျင် ဘူဒါပတ်စ်မြို့မှာ လတ်ဇလိုဆိုတဲ့ စားသောက်ဆိုင်ရှင်တစ်ယောက်ဟာ စန္ဒရားဆရာ အန်ဒရာ့စ်ကို သူ့စားသောက်ဆိုင်မှာ ဖျော်ဖြေဖို့ငှားရမ်းခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ အီလိုနာ ဆိုတဲ့ မိန်းမလှလေးတစ်ယောက်နဲ့ တစ်ပြိုင်တည်း ချစ်ကျွမ်းဝင်မိရာက အန်ဒရာ့စ်အတွက် 'Gloomy Sunday' ဆိုတဲ့သီချင်းမွေးဖွားလာဖို့ စေ့ဆော်မှုဖြစ်လာခဲ့တယ်။ သူ့ သီချင်းကိုကြားဖူးသူတိုင်း သဘောကျ နာမည်ကျော်ကြားလာရာကနေ နောက်ပိုင်းမှာ သတ်သေမှုတွေ နဲ့ ဆက်စပ်နေကြောင်းကို လူတွေ သတိထားမိလာပါတော့တယ်။ သူတို့ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းထဲကို တတိယ ယောက်ျားတစ်ယောက် ဝင်ရောက်လာပြီး အဲ့ဒီလူဟာ သူတို့အားလုံးရဲ့ ဘဝကို ကောင်းကောင်းခြိမ်းခြောက်နိုင်တဲ့ သြဇာအာဏာ လက်ဝယ်ရထားတဲ့ သူတစ်ယောက်ဖြစ်နေတဲ့အခါ..။ သူတို့ဘဝတွေ အရင်လိုဖြောင့်ဖြူးနိုင်ပါဦးမလား။ သီချင်းဟာ သူတို့လက်တွေ့ဘဝအပေါ် လွှမ်းမိုးမှုရှိလာနိုင်မလားဆိုတာ ဆက်လက်ရှုစားကြပါ။ File size…(1.2 GB) and (630 MB) Quality….Blu-Ray 720p Format…mp4 Duration….01:54:0
ဇာတ်ကားကြည့်ရန်Gloomy Sunday
1999
Julesနဲ့Maggieတို့ဟာ အထက်တန်းကတည်းကတွဲလာခဲ့တာနှစ်နှစ်ကြာခဲ့ပါပြီ သို့သော်လည်းတစ်နေ့မှာတော့နှစ်ယောက်သား ရန်တွေဖြစ်ကြ ကွဲကြပြဲကြ ဖြစ်ခဲ့ပြီးဆယ်နှစ်ကြာသွားပါတယ် နှစ်ယောက်သား L.A NewYorkအသီးသီးမှာ အောင်မြင်တဲ့အလုပ်အကိုင်တွေနဲ့အခြေချခဲ့ပြီး တစ်နေ့မှာတော့ မွေးရပ်မြေကိုပြန်လာဖို့ဖြစ်လာခဲ့ပြီး နှစ်ယောက်သား အတူတူပြန်လည်ဆုံတွေ့ခဲ့ကြတဲ့အခါမှာတော့ ခံစားချက်တွေပြန်လည်ပွင့်လန်းကြလာပုံကိုLGBTQ+ Theme Romantic Genre အဖြစ် ကြည်နူးစွာကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…(1.1 GB)/(688 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Romance, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Myat Noe Yamone
ဇာတ်ကားကြည့်ရန်Last ExMas
2024
Love at the Bootcamp (2024) Genre - Romance/ Comedy IMDb - 6.4/10 ကိတ်ဆိုတဲ့သွက်သွက်လက်လက်နဲ့ကူညီချင်စိတ်ရှိတဲ့ကောင်မလေးတစ်ယောက်ကအလုပ်ကြောင့် နယ်မြို့လေးကအားကစားရုံကိုလည်ပတ်အောင်ကူညီပေးဖို့ရာဖြစ်လာပါတယ် ပိုင်ရှင်ကောင်လေးနဲ့သူမကြားကမတူညီတဲ့စိတ်နေစိတ်ထားတွေကြောင့် ဖြစ်ပေါ်လာတဲ့အလွဲတွေကြားဘယ်လိုညှိနှိုင်းပြီးအလုပ်လုပ်ကြမလဲဆိုတာ ဟာသနှောပြီးကြည့်ရမယ့်အပြင် သူငယ်ချင်းမိသားစုအစရှိတဲ့ မေတ္တာအမျိုးမျိုးကိုလည်းပုံပေါ်အောင်ရိုက်ပြထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ် File size… 1.5 GB / 783 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 30mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by La Min Khin
ဇာတ်ကားကြည့်ရန်Love at the Bootcamp
2024
Merry Birthday Happy Christmas (2024) ဇာတ်လမ်းနာမည်အတိုင်းပါပဲ ခရစ်စမတ်နေ့နဲ့ မွေးနေ့နဲ့ တိုက်နေတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့ ဆယ်ရာနဲ့ ကယ်ဗင်တို့ ရဲ့ အကြောင်းလေးကို ရိုက်ကူးထားတာပါ။ ငယ်ငယ်ထဲက အချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာတဲ့အလျောက် အသက်လေးတွေရလာတော့ ဘယ်သူက ဘယ်သူ့အပေါ်ကို ခံစားချက်တွေပြောင်းသွားမလဲ။ သူတို့ သူငယ်ချင်းဆက်ဆံရေးကရော ဘယ်လိုဖြစ်သွားမလဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ခရစ်စမတ် Theme လေးနဲ့ရိုက်ကူးထားတာဆိုတော့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။) File size…(1.5 GB) / (770 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Family, Romance Duration….01:26:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Ivy Noe
ဇာတ်ကားကြည့်ရန်Merry Birthday, Happy Christmas
2024
Daddy Long Legs (2005) ဒီကားလေးကတော့ Jean Webster ရဲ့ Daddy Long Legs ဆိုတဲ့ novel ကို ဇာတ်ကားအနေနဲ့ရော musical အနေနဲ့ရော များစွာ ပြန်လည်ရိုက်ကူးပုံဖော် ထားကြတဲ့ထဲကမှ 2005 မှာ ထွက်ရှိခဲ့တဲ့ ကိုရီးယားဇာတ်ကားလေးပဲဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်အနေနဲ့ ပရိသတ်အချစ်တော်မင်းသမီးလေး Ha Ji-won နဲ့ Yeon Jung-hoon တို့ ပါဝင်သရုပ်ဆောင်ထားပြီးတော့ စိတ်လှုပ်ရှားစရာကောင်းပြီး နွေးထွေးတဲ့အချစ်ပုံပြင်လေးကြောင့် ဖြတ်သန်းလာခဲ့တဲ့နှစ်တစ်လျှောက် ပရိသတ်တွေရဲ့အချစ်ကို သိမ်းပိုက်ထားခဲ့တဲ့ အနုပညာလက်ရာ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း Cha Young Mi (Ha Ji-won) ဟာ မိဘနှစ်ပါးလုံးမရှိတော့ဘဲ တစ်ယောက်တည်း ပင်ပန်းစွာ ရပ်တည်လာခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ပါ။ သူမဟာ အမည်မသိ သူစိမ်းတစ်ယောက်ဆီကနေ တက္ကသိုလ်ကျောင်းစရိတ်တွေ လက်ဆောင်တွေ စသဖြင့် လျှို့ဝှက်ဆန်းကြယ်စွာ အကူအညီပေးတာခံခဲ့ရပါတယ်။ အဲဒီ အမည်မသိအကူညီတွေပေးနေခဲ့တဲ့ လူကို Cha Young Mi က နာမည်ပြောင်လေးပေးခဲ့မိတာပေါ့။ Daddy Long Legs…အရပ်ရှည်တဲ့ဦးလေးကြီး ဆိုပြီးတော့... ဒီလိုမျိုး အရပ်ရှည်တဲ့ဦးလေးကြီးရဲ့ အကူအညီတွေကြောင့် နောက်ဆုံး ဘွဲ့ရပြီး သူမရဲ့ပန်းတိုင်ဖြစ်တဲ့ အသံလွှင့်ဌာနမှာ အစီအစဉ်ရေးဆွဲတဲ့သူအဖြစ် အလုပ်ဝင်လုပ်နိုင်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ သူမရဲ့အလုပ်နဲ့ အိမ်နေရာအခက်အခဲကြောင့် အိမ်ငှားခပေးစရာမလိုတဲ့ အိမ်တစ်အိမ်မှာပါ ဝ
ဇာတ်ကားကြည့်ရန်Daddy Long Legs
2005
Hum Tumhare Hain Sanam (2002) ကိုယ်ဟာမင်းလေးအပိုင်ပါ အချစ်လေး ဒီတစ်ခါ CM Bollywood ပရိသတ်ကြီးကို Up to date ဇာတ်ကားတွေပဲကြည့်နေရမှာ ပျင်းနေမှာစိုးလို့ Old School ရွှေလိုရှားတဲ့ဇာတ်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်... ခုချိန်ထိနာမည်ကြီးနေဆဲဖြစ်တဲ့ ရှရွတ်ခန်းနဲ့ ဆလူးဘိုင်လို့ချစ်စနိုးခေါ်ရတဲ့ ဆယ်လ်မန်ခန်းတို့အပြိုင်ပါဝင်ထားတဲ့အပြင် အဲ့ခေတ်တုန်းက လှချက်ကကျက်သရေရှိလွန်း ငြိမ်းချမ်းလွန်းပါတယ်ဆိုတဲ့ မင်းသမီး မာဒူရီဒီဆစ်တို့နဲ့အတူ ဘောလီးဝုဒ်ရွှေခေတ်ဇာတ်ကားဆိုတာ ဒါမျိုးပါလားဆိုပြီး အဆိုအကမြိုင်မြိုင်နဲ့ ငြိမ့်ငြိမ့်ညောင်းညောင်းခံစားရမယ့် အချစ်ဇာတ်ကားလေးပါ ပဲ ဇာတ်လမ်းလေးကတော့ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးပါ ရှရွတ်ခန်း(ဂိုပါ)နဲ့ မာဒူရီ(ရာဒါ) တို့က ငယ်သူငယ်ချင်းတွေဖြစ်ပြီး ကလေးဘဝမှာကွဲကွာသွားခဲ့တာပါ.. ဆလူးဘိုင်(ဆူရာ့ဂ်ျ)ကတော့ ရာဒါရဲ့မိခင်ကမွေးစားထားတာဖြစ်ပြီး ရာဒါနဲ့အတူကြီးပြင်းလာခဲ့တာပါ... အရွယ်ရောက်လာတဲ့အခါမှာ ဂိုပါနဲ့ရာဒါတို့ ပြန်ဆုံစည်းကြပြီး လက်ထပ်လိုက်ကြသလို ဆူရာ့ဂ်ျကလည်း အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်လာပါတယ်။ ဒါပေမဲ့ ငယ်သူငယ်ချင်းဆူရာ့ဂ်ျကို သံယောဇဉ်မပြတ်တဲ့ ရာဒါကြောင့် အချစ်ကြီးတဲ့ဂိုပါဟာ သံသယတွေဝင်ပြီး ရာဒါနဲ့ပြသနာတက်ပါတော့တယ်... တွေ့ဖူးနေကျ သုံးပွင့်ဆိုင်ဇာတ်လမ်းမျိုးပဲဆိုပေမယ့် အဲ့ခေတ်အခါမှာတော့ ကြည့်သူတိုင်းမျက်ရည်လေးတစ်စမ်းစမ်းနဲ့ အားလုံးကိုထိုင်သနားရမှာပါပဲ ဒီကားထဲပါတဲ့
ဇာတ်ကားကြည့်ရန်Hum Tumhare Hain Sanam
2002
Buffalo '66 (1998) ~ IMDb - 7.4/10, Rotten Tomatoes - 76% ~ အဟောင်းအကောင်း Old but Gold ဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်ပါတယ်။ IMDb Rating (7.4/10) ရထားတဲ့ ဒီဒရာမာ ဟာသ ရိုမန့်စ်ကားလေးက ဆုပေါင်း(၆)ဆုဆွတ်ခူးထားပြီး Nomination တွေလည်း (၁၁)ခုထိ ၀င်ထားခဲ့ပါသေးတယ်။ ကြည့်ရှုသူများကလည်း ကြည့်ဖူးသမျှထဲမှာ အကောင်းဆုံး Independent Film လို့ရည်ညွှန်းခံရတဲ့ကားလေးပါ။ ဘီလီဘရောင်းဆိုတဲ့သူက ထောင်ငါးနှစ်ကျပြီး ထွက်လာခဲ့တာပါ။ မိဘတွေကို ထောင်ကျခဲ့တာလို့မပြောဘဲ အလုပ်ကိစ္စကြောင့်အဝေးရောက်နေပြီး အိမ်ထောင်လည်းကျနေပြီလို့ လိမ်ညာခဲ့မိတာကြောင့် မိဘအိမ်ပြန်ဖို့လိုလာတဲ့အချိန် ပြစရာဇနီးလိုလို့ လမ်းကြုံကောင်မလေးတစ်ယောက်ကို ပြန်ပေးဆွဲရာကနေ ဒီဇာတ်လမ်းက စတင်လာခဲ့ပါတယ်။ ဒီကားလေးက သရုပ်ဆောင်နယ်ပယ်မှာ နာမည်ကြီးပြီး ဆုတွေအများကြီးလည်းရဖူးတဲ့ Golden Lion ဆုအတွက်လည်း Nomi အကြိမ်ကြိမ်၀င်ဖူးတဲ့ Vincent Gallo ရဲ့ ဒါရိုက်တာအဖြစ် ပွဲဦးထွက်ခဲ့တဲ့ကားလေးဖြစ်ပါတယ်။ ဇာတ်ညွှန်းကိုလည်း သူကိုယ်တိုင်ပဲရေးသားထားပြီး သူကိုယ်တိုင်ပဲသရုပ်ဆောင်ထားတာပါ။ သူ့ကို Mainstream ပေါ် တင်ပေးခဲ့တဲ့ကားဆိုရင်လည်း မမှားပါဘူး။ မင်းသမီးဆိုရင်လည်း ကြည့်ရှုသူတွေနဲ့မစိမ်းတဲ့ ၁၉၉၁ ခုထွက် The Addams Family ထဲက မူလလက်ဟောင်း ဗုဒ္ဓဟူးမလေးပါ။ သူရဲ့ပျိုမျစ်လတ်ဆတ်တဲ့အလှရယ် ညှို့ငင်တတ်တဲ့မျက်၀န်းနက်နက်လေးတွေရယ် ဘိုးလင်းရုံမှာကတဲ့ Tap Dance အခန်းလေးတွေက ဒီဇာတ်ကားလ
ဇာတ်ကားကြည့်ရန်Buffalo '66
1998
စတီဗင်ချောင်ရဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့ CJ7 ဆိုတဲ့ကားကို တော်တော်များများကြည့်ဖူးကြမယ်ထင်ပါတယ်နော် ဆင်းရဲသားသားအဖနဲ့ ဂြိုလ်သားလေးအကြောင်းလေ အဲ့ထဲကကောင်လေးလို့ထင်ခဲ့ကြတဲ့ သရုပ်ဆောင်ကလေးမလေးဟာအခုဆိုရင် ခေါင်းဆောင်မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်နိုင်လောက်အောင်ထိ အရွယ်ရောက်လာပါပြီ ရွှီးချို(မင်းသမီး)ဟာ ဖန်းယောင်နေရာကပါဝင်သရုပ်ဆောင်ထားပြီး ရှဲ့လင်လင်(မင်းသား)ကတော့ တရုတ်နိုင်ငံမှာထင်ရှားခဲ့တဲ့ တေးရေးအဆိုတော် အိုးရန်အဖြစ် သရုပ်ဆောင်ထားကြပါတယ် ၁၉၉၄ခုနှစ်တွေဆီကိုအခြေခံထားတဲ့ဒီကားဟာ အဲ့ဒီခေတ်တက္ကသိုလ်ကျောင်းသူကျောင်းသားတွေရဲ့ဘဝကို ပြန်လည်အမှတ်ရမိစေမှာပါ ဇာတ်လမ်းအကျဥ်း -ဘဝမှာဘာအိပ်မက်မှမရှိခဲ့တဲ့ကောင်လေး အိုးရန် သူမြင်မြင်ချင်းချစ်မိခဲ့တဲ့ ဖန်းယောင်ဆိုတဲ့ ကောင်မလေးကိုတွေ့ချိန်ကစလို့ ဂီတကို စတင်ရူးသွပ်လာခဲ့တယ် ကောင်မလေးဆီကအချစ်ကိုရဖို့ ဂစ်တာမတတ်ပဲတီးတတ်ချင်ယောင်ဆောင်ခဲ့တယ် ဒါပေမယ့် ကောင်မလေးရဲ့ရည်းစားဟောင်း သူတို့နှစ်ယောက်ကြားဝင်ရောက်လာတဲ့နောက်ပိုင်းမှာ ဘယ်လိုတွေဆက်ဖြစ်မှာလဲ စောင့်ကြည့်လိုက်ကြရအောင်နော် File Size - 1.2 GB Quality - Web-Dl 1080p Subtitle - Burmese (Hardsub) Translator - Nay Chii Encoder - Thit San Khant
ဇာတ်ကားကြည့်ရန်Miss Forever
2019
Hometown Remedy (2023) IMDb Rating (6.4) ဒီရုပ်ရှင်ကတော့ Romance အမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ်။ အဒဲလ် ကလာ့ခ်ဆိုတဲ့ ခွဲစိတ်ဆရာ၀န်မလေးဟာ သူ့အဖေမြို့တော်၀န်ဖြစ်တာကိုဂုဏ်ပြုဖို့အတွက်မွေးရပ်မြေလေးကိုပြန်ရောက်လာပါတယ်။ အဲ့ကနေမှ မြို့ရဲ့မရှိမဖြစ် ဆရာ၀န်လေးဖြစ်တဲ့ ဂရန့်မက်သရူးနဲ့ မတော်တဆမှုကနေတစ်ဆင့် ဆုံတွေ့ပြီးတဲ့နောက်မှာတော့... အချစ်ဇာတ်လမ်း ပေါ့ပေါ့ပါးပါးလေးကိုကြည့်ချင်တဲ့သူတွေအတွက် ဒီဇာတ်ကားလေးက ရွေးချယ်စရာဖြစ်ပါလိမ့်မယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Ayng Kyaw ဖြစ်ပါတယ်။) File size…(1.4 GB) / (810 MB) Quality….WEB-Rip 1080p / 720p Format…. mkv/mp4 Genre….Romance Duration….01:26:33 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Ayng Kyaw
ဇာတ်ကားကြည့်ရန်Hometown Remedy
2023
The Man with the Answers ( 2021 ) ဒီရုပ်ရှင်က Cyprus နဲ့ Greece နဲ့ Italy သုံးနိုင်ငံ ပူးတွဲထုတ်ထားတဲ့ ရုပ်ရှင်။ ဇာတ်ကတော့ အဘွားနဲ့အတူတူနေနေတဲ့ လူငယ်လေးတစ်ယောက် အဘွားဆုံးသွားပြီးနောက်ပိုင်း သူ့အမေရှိတဲ့ ဂျာမနီကို ခရီးထွက်တဲ့အကြောင်းပေါ့။ နောက်အိမ်ထောင်ပြုပြီး တစ်နိုင်ငံခြားဆီမှာ အိမ်ထောင်ကျနေတဲ့အမေဆီကို မေးခွန်းတွေအပြည့်နဲ့ ထွက်လာခဲ့တဲ့ ခရီးတစ်ခုအကြောင်းပဲ။ သူ့ခရီးဟာ ပင်လယ်တွေ တောတန်းတွေ လမ်းသွယ်တွေနဲ့ လှပနေခဲ့သလို သူ့ရင်ဘတ်ထဲမှာလည်း မရေရာခြင်းတွေ နာကြဉ်းခြင်းတွေ မကျေနပ်ခြင်းတွေ ပြည့်နေခဲ့တယ်။ သိပ်လှတဲ့ ခရီးတစ်ခုကို သူထွက်လာပေမဲ့ အဲဒီအလှတွေကို သူမမြင်နိုင်အောင်ဖြစ်နေခဲ့တယ်။ ဒီလိုနဲ့ လမ်းမှာ အကြောင်းတရား ရေရေရာရာမရှိဘဲ ခရီးထွက်နေတဲ့လူတစ်ယောက်နဲ့ သူတွေ့ခဲ့တယ်။ သူတို့သူငယ်ချင်းဖြစ်လာကြတယ်။ သူ့သူငယ်ချင်းက သူ့ကို ဒီခရီးအရဲ့အရသာကို အပြည့်အဝခံစားနိုင်အောင် ကူညီပေးခဲ့တယ်။ သူ့ရင်ထဲက ပဟေဠိတွေရဲ့အဖြေကိုတော့ ကူထုတ်ပေးနိုင်လား ဒီခရီးက အဆုံးသတ်ကောင်းမှာလားဆိုတာကိုတော့ ကျွန်တော်တို့ ကိုယ်တိုင်ပဲ ဆက်ကြည့်ရလိမ့်မယ်။ ဒီရုပ်ရှင်ဟာ မေးခွန်းတွေနဲ့ လူတစ်ယောက်အကြောင်းပေမဲ့။ ရုပ်ရှင်နာမည်ကတော့ အဖြေတွေနဲ့ လူတစ်ယောက်အကြောင်း ဖြစ်နေခဲ့တယ်။ သူ့သူငယ်ချင်းပြောသလို ကမ္ဘာကြီးက ရိုးရှင်းတဲ့အဖြေတွေနဲ့ ဖြေမရအောင် ရှုပ်ထွေးလွန်းနေတယ်ဆိုတော့ ဒီဟာတွေရဲ့ အဖြေကိုသူတွေ့မတွေ့ မရေရာနိုင်ဘူး။ ရေရာတာကတော့ ဒီရုပ်ရှင်ဟာ လူနှစ
ဇာတ်ကားကြည့်ရန်The Man with the Answers
2021
ဇာတ်လမ်းအကျဉ်းကတော့ ချစ်သူဟောင်းကို လက်စားချေချင်တဲ့ မာတူအီဆိုတဲ့အမျိုးသမီးတစ်ဦးဟာ သူ၏ချစ်သူဟောင်းရဲ့အပျိုစင်သတို့သမီးလောင်းရဲ့ ဂုဏ်သိက္ခာညစ်နွမ်းအောင် အမျိုးသမီးတွေရဲ့အသည်းနှလုံးကို ကစားရာမှာနာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ ဗယ်မွန့်ကိုတာဝန်ပေးထားပါတယ်။ ကိုယ့်ကျင့်သိက္ခာတရားကို အင်မတန်တန်ဖိုးထားလှသော အမျိုးသမီးတစ်ဦးဖြစ်တဲ့ မဒမ် တော်ဗယ်ကိုလည်း ရအောင်ဆွဲဆောင်မည်ဟု ဗယ်မွန့်တစ်ယောက် မာတူအီနဲ့အပေးအယူလုပ်ထားပါတော့တယ်။ အပေးအယူကတော့ ပေးအပ်ထားတဲ့တာဝန်အောင်မြင်ရင် မာတူအီနှင့်တစ်ညတာကုန်ဆုံးခွင့်ပဲဖြစ်ပါတယ်။ ဗယ်မွန့်တစ်ယောက် သူကြံစည်ထားတဲ့အတိုင်း ဖြစ်လာနိုင်လား ၊မာတူအီကရော သူ့လက်စားချေခြင်း အောင်မြင်နိုင်ပါ့မလား ၊ဘယ်လိုတွေ အဆုံးသတ်ကြမလဲ စသည်ဖြင့်ကြည့်ရှုရမည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(2.4 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:01:00 Genre... Dark Romance, Period Drama, Psychological Drama, Romantic Epic, Steamy Romance, Tragedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice
ဇာတ်ကားကြည့်ရန်Dangerous Liaisons
1988
ဒီဇာတ်ကားလေးကတော့ ၂၀၀၄ခုနှစ်က ထွက်ရှိခဲ့တဲ့ ပတ္တရားကမ်းခြေကိုအခြေတည်၍ ရိုက်ကူးထားတဲ့ ထိုင်းမှုခင်းဟာသဇာတ်လမ်းဖြစ်ပါတယ် စီဒီ ဗီစီဒီခွေတွေ ရောင်းပြီးအသက်မွေးဝမ်းကျောင်းပြုပြီး လောင်းကစားလုပ် ဘဝကိုအလေးအနက်မထား ပျော်ပျော်နေတတ်သူ တောင်းနဲ့ တွန်ဆိုတဲ့ ရိုးအလွန်းတဲ့ အမြုတေကျွမ်းကျင်သူဆရာကြီးတစ်ယောက်ရဲ့ ဘဝအကြောင်း တင်ဆက်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ တောင်းက တွန်ကို ကာရာအိုကေဆိုင်ခေါ်သွားရင်းနဲ့မှအစပြုပြီး တွန်က အချစ်နဲ့တွေ့ချိန်မှာ မထင်မှတ်ထားတဲ့ ဘဝအလှည့်အပြောင်းကြီးဖြစ်ပေါ်လာခဲ့ပါတယ်။ အလားတူ လောင်းကစားသမားလေး တောင်းတစ်ယောက်လည်း မန်ယူဘောလုံးပွဲအသင်းကို အားပေးလောင်းရင်းမှ အရှုံးကြီးရှုံးကာ ပတ္တရားမြို့က နာမည်ကြီး ငွေတိုးချေးစားသူတွေ မာဖီးယားဂိုဏ်းသားတွေနဲ့အထိ ပတ်သက်လာခဲ့ရပါတယ်။ ဒီလူနှစ်ယောက်အကြောင်း သူတို့ဝင်ရှုပ်မိကြတဲ့အရှုပ်အထွေး အခက်အခဲတွေကနေ ဘယ်လိုလွတ်မြောက်အောင် ကြိုးစားကြရင်း တကယ့်အချစ်စစ်နဲ့ဆုံဆည်းနိုင်ကြမလားဆိုတာ... အညွှန်းနဲ့ဘာသာပြန်ကတော့ Dao Phyo ပဲ ဖြစ်ပါတယ် Genre..... Comedy, Crime, Romance Quality…. 1080p WEB-DL | 720p WEB-DL File size… 2.11GB | 867MB Format… mp4 Duration…. 1h 33min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Dao Phyo Encoder ..... Aaron
ဇာတ်ကားကြည့်ရန်Pattaya Maniac
2004
ဒီဇာတ်ကားလေးကတော့ ဖိလစ်ပိုင်နိုင်ငံက လူချောလေးတွေနဲ့ ရိုက်ကူးပုံဖော်ထားပြီး LGBTQ+(Romance & Comedy)အမျိုးအစား ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၁ ရက်ကမှ ထွက်ရှိလာခဲ့တဲ့ အသစ်စက်စက် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဂရေးဆိုတဲ့ မိန်းမချောပုံစံကျောင်းသားလေးနဲ့ ယောက်ျားဆန်ဆန်ခန့်ချောနေတဲ့ ဂျိုနပ်စ်ဆိုသူ ဂေးနှစ်ယောက်ဟာငယ်စဉ်ကတည်းကနေ လက်ရှိတက္ကသိုလ် တက်တဲ့အချိန်ထိ အရင်းနှီးဆုံး အကောင်းဆုံး သူငယ်ချင်းဖြစ်ကြပါတယ်။ တက္ကသိုလ်မှာ ဂျိုနပ်စ်က လူကြိုက်များနာမည်ကြီးသူဖြစ်တဲ့အလျောက် ရည်းစားထည်လဲ တွဲပြီးပျော်ပါးနေသူလည်း ဖြစ်ပါတယ်။ ဂရေးကတော့ သူပုံစံက မိန်းမလျာပုံစံဖြစ်နေတဲ့အတွက် ချိန်းတွေ့မယ် လုပ်လိုက်တိုင်းသူ့ပင်ကိုယ်ပုံစံမြင်လိုက်ကြတာနဲ့ အငြင်းခံရပြီး အချစ်ရေးမှာ ကံခေနေတဲ့သူလည်းဖြစ်ပါတယ်။ တစ်နေ့ ဂရေး ငယ်စဉ်က တစ်ဖတ်သက်ကျိတ်ပြီး ချစ်ခဲ့ရသူ အချစ်ဦး ရိတ်စ်ဆိုတဲ့ ကျောင်းသားက အမေရိကနေ သူတို့တက္ကသိုလ်ကို ကျောင်းပြောင်းလာတဲ့အခါမှာတော့ အခြေအနေတွေက အလှည့်အပြောင်းဖြစ်သွားဖို့ ဖြစ်လာပါတော့တယ်။ ရိတ်စ်က အမေရိကားကနေ ဖိလစ်ပိုင်ကို ဘာလို့ပြန်လာခဲ့တာလဲ... ဂရေးတစ်ယောက် သူ့အချစ်ဦးနဲ့ လက်တွဲသွားခွင့်ရပါ့မလား... ဂျိုနပ်စ်ကရော သူရဲ့အချစ်စစ်ကို ရှာတွေ့နိုင်ပါ့မလား... အညွှန်းနဲ့ဘာသာပြန်ကတော့ Dao Phyo ပဲ ဖြစ်ပါတယ် Genre..... Drama, Romance Quality…. 1080p WEB-DL | 720p WEB-DL File size… 923MB | 476MB Format… mp4 D
ဇာတ်ကားကြည့်ရန်Pretty Boys
2024
ဆွတ်ပျံ့ကြည်နူးဖွယ်ရာ အချစ်ဇာတ်လမ်းလေးတွေပဲ အရိုက်များကြတဲ့ Cindy Busbyနဲ့ Ben Hollingsworthတို့ရဲ့ ကနေဒါရိုမန့်စ်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဗက်စတာဆိုတဲ့ ဆိုရှယ်မီဒီယာအက်ပ်ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်နေတဲ့ မာယာ။ တစ်ရက် အလုပ်လုပ်နေတုန်း မမျှော်လင့်ပဲ ကုမ္ပဏီရဲ့ စီအီးအို အယ်လီဂရာ့ဆီက ဖုန်းဝင်လာခဲ့တယ်။ ရော့ကီးတောင်တန်းတွေဆီကို ပိတ်ရက်မှာ လာခဲ့ဖို့။ ဗက်စတာရုံးခွဲလေးခုရှိတာထဲကနေ အရှေ့ပိုင်းရုံးရဲ့ ကိုယ်စားပြုဝန်ထမ်းအနေနဲ့ သွားရမှာပါ။ သူ့ရုံးက အထက်လူကြီးက စီအီးအိုခေါ်တဲ့ဆီကိုသွားပြီး သူတို့ကုမ္ပဏီရဲ့နောက်ထွက်မဲ့ အက်ပ်မှာ သူတို့ရုံးအသာစီးရဖို့အရေး ဘယ်လိုနည်းနဲ့မဆိုကြိုးပမ်းဖို့ မှာလိုက်ပါတယ်။ ခေါ်ထားတဲ့နေရာကို ရောက်တဲ့အခါမှာတော့ ပြိုင်ဆိုင်လိုစိတ်ကြီးမားတဲ့ မာယာတစ်ယောက် သူနဲ့လုံး၀မလိုက်ဖက်တဲ့နေရာမှာ အလွဲလွဲအချော်ချော်တွေဖြစ်ရင်း ဘ၀ရဲ့အနှစ်သာရဆိုတာကို ခံစားလာမိတဲ့အချိန်မှာတော့...။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.6 GB)/(920 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:24:00 Genre... Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
ဇာတ်ကားကြည့်ရန်