No Good Men Aka Kabul Jan (2026) IMDb (7.3/10) ၂၀၂၆ ခုနှစ် (၇၆) ကြိမ်မြောက် ဘာလင်အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်ရဲ့ဖွင့်ပွဲဇာတ်ကားအဖြစ် ဂုဏ်ပြုပြသခဲ့တဲ့အာဖဂန်နစ္စတန် ရုပ်ရှင်ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားဟာ ၂၀၂၁ ခုနှစ် တာလီဘန်တို့ ကာဘူးလ်မြို့တော်ကို မသိမ်းပိုက်မီ ကာလကို နောက်ခံထားရိုက်ကူးထားတာဖြစ်ပါတယ်။ နာရူး ဟာ ကာဘူးလ်မြို့ရဲ့ ပင်မရုပ်သံလိုင်းတစ်ခုမှာ တစ်ဦးတည်းသော အမျိုးသမီး ကင်မရာမန်းအဖြစ် ရပ်တည်နေသူပါ။ ဖောက်ပြန်တတ်တဲ့ ခင်ပွန်းဖြစ်သူနဲ့ ခွဲနေသော်လည်း ကလေးထိန်းသိမ်းခွင့် ဆုံးရှုံးမှာစိုးတာကြောင့် တရားဝင် မကွာရှင်းနိုင်သေးသလို သူမရဲ့ ပတ်ဝန်းကျင်ကြောင့်လည်း ဒီနိုင်ငံမှာ ကောင်းတဲ့ယောကျာ်းဆိုတာ တစ်ယောက်မှ မရှိဘူးလို့ စိတ်ဓာတ်ကျ သတ်မှတ်ထားသူ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ နာရူးဟာ သတင်းဌာနရဲ့ နာမည်ကျော် ဝါရင့်သတင်းထောက် ကော့ဒရတ်နဲ့အတူ သတင်းလိုက်ရိုက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ကော့ဒရတ်ဟာလည်း အိမ်ထောင်ရှိသူတစ်ယောက် ဖြစ်ပေမဲ့ နာရူးနဲ့အတူ ကာဘူးလ်မြို့ရဲ့ နောက်ဆုံးလွတ်လပ်တဲ့နေ့ရက်တွေမှာ သတင်းတွေ လိုက်လံရိုက်ကူးရင်း သူတို့နှစ်ဦးကြား သံယောဇဉ်နဲ့ ခံစားချက်တွေ စတင်နက်ရှိုင်းလာခဲ့ပါတယ်။ တိုင်းပြည်ရဲ့ ပူပူနွေးနွေး နိုင်ငံရေးအပြောင်းအလဲ၊ အမျိုးသမီးတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေကြားထဲမှာ နာရူးတစ်ယောက် တကယ်ပဲ လောကမှာ အမျိုးသားကောင်း ဆိုတာ မရှိတာလားဆိုတဲ့ သူမရဲ့ ယုံကြည်ချက် စ
ဇာတ်ကားကြည့်ရန်