ကလေးမွေးဖွားခြင်းဆိုတာ ပျော်ရွှင်စရာအဆုံးသတ်တစ်ခုလို့ လူအများက ထင်တတ်ကြပေမဲ့… တချို့မိသားစုတွေအတွက်တော့ အသက် အချစ်နဲ့ သတ္တိကို အတူတူ စမ်းသပ်ခံရတဲ့ အစပဲ ဖြစ်နိုင်ပါတယ် အချစ်ဆိုတာကလည်း လူနှစ်ယောက်ရဲ့ ဇာတ်လမ်းပဲ မဟုတ်ပါဘူး… တစ်ခါတလေတော့ မိသားစုတစ်ခု ဖြစ်လာဖို့ ဘယ်လောက်သတ္တိလိုအပ်လဲဆိုတာကို သက်သေပြရတဲ့ ခရီးရှည်တစ်ခုလည်း ဖြစ်နိုင်ပါတယ် ဒါရိုက်တာ ယိုရှောက်ရှန်ရဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံကို အခြေခံရိုက်ကူးထားတဲ့ Unexpected Courage ဆိုတဲ့ ရုပ်ရှင်လေးဟာ အချစ်ရေး အိမ်ထောင်ရေးနဲ့ မိဘဘဝအကြား ရွေးချယ်မှုတွေကို တင်ဆက်ရိုက်ပြထားတဲ့ Family Romance ဇာတ်အိမ်လေးတစ်ကား ဖြစ်ပါတယ် ဒီရုပ်ရှင်လေးထဲမှာတော့ Lesson in Love မှာ Li Dawei အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Hsueh Shih Ling (Simon Hsueh) က ပေါ်အန်းအဖြစ် Male Lead နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်အောင်မြင်တဲ့ အနုပညာလောကမှာ အလုပ်များပြီး အချိန်နဲ့အပြေးအလွှား ရုန်းကန်နေတဲ့ ပေါ်အန်းနဲ့ လဲ့ဖူတို့ ချစ်သူနှစ်ဦးဟာ နှစ်ပေါင်းများစွာ လက်တွဲလာခဲ့ပေမဲ့ အသက်အရွယ်ကွာဟမှု မိသားစုအတိတ်ဒဏ်ရာတွေနဲ့ အနာဂတ်အပေါ် ကြောက်ရွံ့မှုတွေကြောင့် အမြဲတမ်း ဆုံးဖြတ်ချက်ချဖို့ ဝန်လေးနေခဲ့ကြရင်း မမျှော်လင့်ထားတဲ့ ကိုယ်ဝန်သတင်းတစ်ခုက သူတို့နှစ်ယောက်ရဲ့ ဘဝကို လုံးဝပြောင်းလဲသွားစေပါတော့တယ်… ဒါပေမဲ့ မျှော်လင့်ထားတဲ့ ပျော်ရွှင်မှုဟာလည်း လွယ်လွယ်ကူကူ ရောက်မလာခဲ့ပါဘူး…ကိုယ်
ဇာတ်ကားကြည့်ရန်