IMDb (6.9/10)....Rotten Tomatoes (35%) ခင်ပွန်းက နောက်အိမ်ထောင်ပြုပြီး စွန့်သားတစ်ယောက်နဲ့စွန့်ပစ်ခံရတဲ့ အမျိုးသမီး တစ်ယောက်အနေနဲ့ (Adele) အနေနဲ့ Kate Winslet ပါဝင်ထားပါတယ်။ (Adele)ရဲ့ သားတစ်ယောက်အနေနဲ့ ကလေးသရုပ်ဆောင် အကျော်အမော်လေး Gattlin Griffith က (Henry) အဖြစ် သရုပ်ဆောင်ထားပါတယ်။ လူသတ်သမား တစ်ယောက်အနေနဲ့ မင်းသားကြီး Josh Brolin က Frank အဖြစ် ပါဝင်ထားပါတယ်။ သားတစ်ယောက်နဲ့ခင်ပွန်းသည်စွန့်ပစ်ခြင်းကို ခံရတဲ့ Adele ရဲ့ဘဝဟာ တိတ်ဆိတ်ခြောက်ကပ်လွန်းနေမှန်း သားဖြစ်သူ Henry ဟာ ခံစားမိနေပါတယ်။ တစ်ရက်သားအမိနှစ်ယောက် Shopping Center မှာ ဈေးဝယ်တုန်း Henry နားကို လူတစ်ယောက်ရောက်လာပြီး သူ့အမေကို လက်ညှိုးထိုးပြကာ မင်းအမေလားလို့ မေးပါတယ်။ ပြီးတာနဲ့ တစ်ဆက်တည်း သူ့ကို အကူအညီပေးဖို့ သူ့မှာဒဏ်ရာရလာကြောင်းပြောပါတယ်။ Adele က ထိုသူကိုတွေ့လိုက်ချိန်မှာတော့ သူမကူညီနိုင်ကြောင်းပြောတဲ့အခါမှာ Frank ဆိုတဲ့သူဟာ သူ့ကိုကူညီမှ ဖြစ်မယ်ဆိုတဲ့ အကြောင်း အတင်းအကြပ်ပြောလာတဲ့အခါမှာတော့။ Adele တို့သားအမိဟာ Frank ဆိုတဲ့သူကို သူတို့အိမ်ရှိရာ ခေါ်လာရပါတော့တယ်။ အိမ်ရောက်ရောက်ခြင်းမှာပဲ ထိုသူဟာ လူသတ်မှုနဲ့ ထောင်ဒဏ်(၁၈)နှစ်ကျခံထားရပြီး ထောင်ဆေးရုံကနေ ခုန်ဆင်းပြီးပြေးလာတယ်လို့လည်း တီဗွီချန်နယ်တွေကနေ လွှင့်တာတွေ့ရတဲ့အခါမှာတော့……………….။ ဇာတ်ကောင် သုံးယောက်စလုံးဟာ ဇာတ်လမ်းပြီးဆုံးသည်အထိ အပိုအလိုမရှိ ဆွဲခေါ်သွားတဲ့ ဇာတ်ကားပါ
ဇာတ်ကားကြည့်ရန်