Woman in the Dunes (1964) ~ IMDb - 8.5/10, Rotten Tomatoes - 100% ~ One of the Best Japanese Films of All Time လို့ သတ်မှတ်ခံခဲ့ရတဲ့ Woman in the Dunes ဟာ Kōbō Abe ရဲ့ နာမည်ကျော်ဝတ္တုကို ပြန်ရိုက်ထားတဲ့ Japanese New Wave ရုပ်ရှင်ပါပဲ။ ဒါရိုက်တာ Hiroshi Teshigahara ရဲ့ နာမည်အကျော်ဆုံးရုပ်ရှင်လည်းဟုတ်တယ်။ နောက်ထပ်နာမည်ကျော်အနေနဲ့တော့ The Face of Another (1966) ကိုလည်း သူရိုက်ခဲ့ဖူးတယ်။ ဒီ၂ကားဟာ ဂျပန်ရုပ်ရှင်လောကရဲ့ အကောင်းဆုံးတွေထဲ မပါမဖြစ်တွေလို့တောင် ပြောလို့ရတယ်။ ဇာတ်ကတော့ ဘာမှမပါသလောက်တော်တော်ရိုးရှင်းတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဇာတ်အိမ်တည်ထားရာနေရာနဲ့ ဇာတ်လမ်းဇာတ်အိမ်က မတွေးစဖူးလောက်အောင် ထူးခြားတယ်။ အင်းဆက်တွေကို ဝါသနာအရ လေ့လာစုဆောင်းတဲ့ ကျောင်းဆရာတစ်ယောက်ရှိတယ်။ အဲဒီကျောင်းဆရာက သဲပြင်အတိနဲ့ နေရာတစ်နေရာကို ရောက်လာပြီး အဲဒီနေရာက အင်းဆက်တွေကို လာလေ့လာတယ်။ ဒီလိုနဲ့အိမ်ပြန်ရမယ့်အချိန်မှာ ဘတ်စ်ကားချိန်မမီတော့လို့ သဲသောင်ရွာလေးမှာပဲ တစ်ညအိပ်လိုက်ရတယ်။ ဆန်းတာက အဲဒီရွာက သူတည်းတဲ့အိမ်က သဲပေါ်မှာဆောက်ထားတာမဟုတ်ဘဲ သဲကျင်းကြီးထဲ ဆောက်ထားတာ။ ကြိုးလှေကားနဲ့ သဲကျင်းကြီးထဲဆင်းပြီး အိမ်ထဲဝင်ရသလို အိမ်ထဲမှာလည်း တအိအိပြုတ်ကျနေတဲ့ သဲတွေရဲ့ ရိုက်ခတ်မှုကိုခံရတယ်။ ဒီလိုနဲ့ သဲကျင်းကြီးထဲ အဲဒီလူရယ် အိမ်ရှင်မိန်းမရယ် နှစ်ယောက်သား တစ်ညအိပ်ခဲ့ကြတယ်။ ညဘက်မှာ အိမ်ရှင်မိန်းမက သဲတွေကို ဂေါ်ပြားန
ဇာတ်ကားကြည့်ရန်