Sweet Home (2025) IMDb Rating (6.5) တစ်ခါတလေ မိသားစုဆိုတာ သွေးသားတော်စပ်မှုနဲ့ ဖွဲ့စည်းထားတာ မဟုတ်ဘဲ တစ်ယောက်ရဲ့နာကျင်မှုကို တစ်ယောက်က နားလည်ပေးနိုင်ခြင်းနဲ့ ဖွဲ့စည်းထားတာ ဖြစ်နိုင်တယ်ဆိုတယ်လို့ပြောရင် ပရိသတ်ကြီးလက်ခံနိုင်မှာလား… မိသားစုတစ်ခုအတွင်း ကိုယ်စီအတ္တတွေကြီးစိုးလာတဲ့အခါ ဖြစ်ပေါ်လာတဲ့ ကြောက်မက်ဖွယ်ရာ ဘေးထွက်ဆိုးကျိုးတွေကို ပညာပေးရိုက်ကူးပြသထားတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ရပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့… ဂျယ်ဆွန်းဟာ တစ်ကျောင်းလုံး အဆင့်(၁) ရထားတဲ့ ထူးချွန်ကျောင်းသားတစ်ယောက်ဖြစ်ပေမဲ့လည်း သူ့အမေကတော့ ဒီအတိုင်းအတာကို မကျေနပ်နိုင်ဘဲ တစ်နိုင်ငံလုံး အဆင့် (၁) ဖြစ်ရမယ်ဆိုတဲ့ ဖိအားတွေနဲ့ ဂျယ်ဆွန်းဟာ အမေ့ရဲ့ အကြမ်းဖက် ခြိမ်းခြောက် ပျိုးထောင်မှုကို ခံနေရတဲ့သူပါ။ အဲဒီလိုနဲ့ အမေရဲ့ ရက်စက်မှု အနိုင်ကျင့်မှုတွေကို မခံစားနိုင်တဲ့အဆုံး ဂျယ်ဆွန်းဟာ မိခင်ကို သတ်လိုက်မိပြီး သေပြီအမှတ်နဲ့ အခန်းထဲ ပိတ်လှောင်ထားခဲ့မိသလို အဲဒီနေ့ကစပြီး သူ့ဘဝဟာ အပြစ်ရှိစိတ်နဲ့ ငရဲတစ်ခုလို ဖြစ်လာပါတော့တယ်။ တစ်ရက် ဂျယ်ဆွန်းတို့အိမ်ကို ဝင်ဖောက်တဲ့ သူခိုးဟာ အဲဒီပိတ်လှောင်ထားတဲ့အခန်းထဲက ဂျယ်ဆွန်းအမေကို တွေ့ရှိသွားတဲ့အခါ... တံခါးတစ်ချပ်ရဲ့ တစ်ဖက်မှာ သားဖြစ်သူ... နောက်တစ်ဖက်မှာ ပြန်လည်အသက်ရှင်လာတဲ့ မိခင်... သူတို့နှစ်ယောက် ပိတ်ထားတဲ့တံခါးကနေတစ်ဆင့် တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုပြန်ရင်ဆ
ဇာတ်ကားကြည့်ရန်