Drishyam (2015) Hindi Version IMDb Rating (8.2) / Rotten Tomatoes (78%) လေးတန်းအောင်ဇာတ်ကားလို့ ပြောတာနဲ့ မသိတဲ့လူမရှိတဲ့ အဂျေးရဲ့ Old but Gold ဇာတ်ကားလေးကို အသစ်တစ်ဖန်မွမ်းမံပြီး ပြန်လည်တင်ဆက်ပေးထားပါတယ် အတန်းပညာတွေမသင်ယူခဲ့ရပေမဲ့ မိသားစုကို ပညာနဲ့မဟုတ်ဘဲ သင်ညာနဲ့ ကာကွယ်သွားပုံတွေက ထိုင်ရာကမထ ကြည့်ချင်စိတ်ပေါက်အောင် လုပ်ပေးနိုင်မှာ အမှန်ပါပဲ ရုံတင်ချိန်တုန်းကလည်း 197 ကုဋေထိရရှိခဲ့တဲ့ ဝက်ဝက်ကွဲပေါက်ကားလေးကို ပြန်လည်ခံစား ကြည့်ရှုလိုက်ပါဦးရှင် ဗီဂျေးဆိုတာက ဇာတ်ကားတွေကြည့်ရတာ အလွန်နှစ်သက်တဲ့လူပေါ့ ရပ်ကွက်ထဲက လူတစ်ယောက် အခက်အခဲရှိရင် သူ့ဆီပဲ အကူအညီသွားတောင်းကြပါတယ် ဗီဂျေးက ဇာတ်ကားတွေကြည့်ပြီး ဇာတ်ကားထဲကအတိုင်း ဖြေရှင်းချက်ပေးလိုက်ရင် အဆင်ပြေသွားတာက များပါတယ် ဒီလိုအဆင်ပြေပြေ ဖြတ်သန်းနေကြတဲ့ သူတို့မိသားစုဘဝထဲ ကံဆိုးမိုးမှောင်ကျရောက်လာတဲ့နေ့မှာတော့ ပုံမှန်နဲ့မတူ မိုးတွေသည်းကြီးမည်းကြီးရွာနေခဲ့တာပေါ့ ဒီမိုးကြောင့် အိမ်ပြန်မအိပ်ဖြစ်တဲ့ရက်ကျမှ အိမ်မှာကျန်နေခဲ့တဲ့မိသားစုက လူသတ်မှုကို ပူးပေါင်းကျူးလွန်မိပါတယ် သတ်လိုက်မိတဲ့လူကလည်း ကြမ်းပေ့ ရက်စက်ပေ့ဆိုတဲ့ အမျိုးသမီးရဲချုပ်ရဲ့ တစ်ဦးတည်းသောသားပါ ခုခံရင်းလက်လွန်သွားပေမဲ့ မနိုင်လောက်တဲ့အမှုဆိုတာသိလို့ အလောင်းဖွက်ရပါတော့တယ် ဒီကနေစပြီး ဗီဂျေးကရုပ်ရှင်တွေထဲကနေ သူရရှိထားတဲ့ ဉာဏ်ပညာနဲ့ သူ့ရဲ့လိမ္မာပါးနပ်မှုကို အသုံးချပြီး ရဲတွေရဲ့စစ်ဆေးမေးမြန်းမှုတ
ဇာတ်ကားကြည့်ရန်