The Boy Next Door (2015) IMDb - 4.7/10 မင်းသမီးချော ဂျန်နီဖာလိုပက်စ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ Channelmyanmar ပရိတ်သတ်တွေကို မိတ်ဆက်ပေးချင်ပါတယ်..Review လေးကိုကြည့်ရအောင် ဒီ Movie Version က censored ဗားရှင်းဖြစ်တဲ့အတွက် 18+ ဇာတ်ဝင်ခန်းများမပါဝင်ပါဘူး Uncensored ဗားရှင်းကလည်း စာတန်းဖိုင်အခက်အခဲ ဖြစ်တဲ့အတွက် တင်ပေးဖို့သိပ်အဆင်မပြေပါ ဒါကြောင့် ဒီ Movie က ဖြတ်ထုတ်ထားတဲ့ သီးသန့်ဇာတ်ဝင်ခန်းတစ်ခန်းကိုလည်း အပိုလင့် နဲ့တွဲထည့်ပေးလိုက်ပါတယ်..ကြည့်ရတာအရသာပျက်သွားမှာဆိုးလို့ပါ :P ကလဲရ် က အထက်တန်းကျောင်းမှ ဂန္ဒ္ဒဝင်စာပေဘာသာရပ်ကိုသင်ကြားတဲ့ဆရာမတစ်ယောက်ဖြစ်ပြီး ယောက်ကျာၤးနဲ့ကွဲနေတဲ့အတွက်လက်ရှိမှာ အထက်တန်းကျောင်းသားဖြစ်တဲ့ သားဖြစ်သူ ကယ်ဗင်နဲ့အတူတူနေနေပါတယ်..သူမရဲ့သူငယ်ချင်းဖြစ်သူ ကျောင်းမှဒုကျောင်းအုပ်လည်းဖြစ်တဲ့ ဗစ်ကီက ဖောက်ပြန်ခဲ့တဲ့ ယောက်ကျာၤးနဲ့ကွဲရှင်းစေချင်ပေမယ့်ကလဲရ်တို့ ကာယကံရှင်နှစ်ယောက် ကတော့အိမ်ထောင်ရေးကိုပြန်လည်တည်ဆောက်ဖို့ကြိုးစားနေကြပါတယ်..အဲ့ဒီ့နောက်ကလဲရ်တို့ မိသားစုထဲကို နိုဝါ ဆိုတဲ့ကောင်လေးတစ်ယောက်စတင်ဝင်ရောက်လာပါတော့တယ် နိုဝါက ဘေးအိမ်ကိုလာလည်တဲ့အသက်20အရွယ်မိဘမဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး ကလဲရ်ကိုလည်းကူညီတဲ့အတွက်..သူတို့သားအမိနဲ့အတော်လေးရင်းနှီးသွားပါတယ်.. တစ်ရက်တော့..ကယ်လ်ဗင်နဲ့ သူ့အဖေတို့ကျောင်းပိတ်ရက်တစ်ရက်မှာအပျော်တမ်းငါးဖမ်းထွက် သွားကြပါတယ်
ဇာတ်ကားကြည့်ရန်