ဒီဇာတ်ကားကတော့ တခြား Batman Animated Live Action ကားတွေနဲ့ယှဉ်ရင် နည်းနည်းထူးခြားပါတယ်။ စူပါဟီးရိုးသိုင်းလောကလေသံနဲ့ ပြောရမယ်ဆိုရင်တော့ နည်းနည်း Deep ပြီး Dark တဲ့ကားမျိုးထဲမှာပါပါတယ်။ Gotham by Gaslight Comic ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ ၁၉ ရာစု Victorian Era ကိုအခြေခံထားပြီး ဘယ်သူနဲ့ချချ နိုင်တယ်ဆိုတဲ့ Batman ပုံစံမျိုးမဟုတ်ပဲ Detective Batman တစ်ယောက်ကို အပြည့်အဝခံစားမိစေမှာပါ။ ဂေါ်သမ်မြို့က အပျော်မယ်တွေ ပြည့်တန်ဆာတွေကိုပဲ ပစ်မှတ်ထားသတ်ဖြတ်နေတဲ့ Jack the Ripper ကြောင့် ဂေါ်သမ်မြို့က အမျိုးသမီးတွေဟာ ထိတ်လန့်နေကြပါတယ်။ အောက်ခြေလူတန်းစားတွေ သတ်ဖြတ်ခံရတာဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့ကလဲ လူသတ်သမားကို သိပ်ပြီးအရေးတယူမလုပ်ကြပါဘူး။ အဲ့အချိန်မှာ Jack the Ripper အကြောင်း လိုက်စုံစမ်းနေတဲ့ Bruce Wayne နဲ့ Selina Kyle တို့ ဆုံမိပြီး ရန်သူကို အတူရှာဖွေကြပါတယ်။ ဂေါ်သမ်မြို့နေသူအားလုံးကလဲ တစ်ယောက်နဲ့တစ်ယောက် အယုံအကြည် မရှိကြတဲ့အချိန်မှာ Bruce Wayen, Selina Kyle, Commisioner Gordon, Harvey Dent, Dr. Hugo Strange တို့ထဲက ဘယ်သူက ဘယ်သူ့ကို ချောက်ချမလဲ။ ဘယ်သူက ဘယ်သူ့ကိုယုံကြည်သလဲ။ Jack the Ripper ကြီးကရော ဘယ်သူဖြစ်နေမလဲဆိုတာ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှူကြပါလို့ပဲ တိုက်တွန်းလိုက်ပါတယ် အသတ်အပုတ် အက်ရှင်တွေကြီးပဲ ငြီးငွေ့လာတဲ့သူတွေအတွက်တော့ ပရိယာယ်လှည့်ကွက်လေးတွေနဲ့ စုံထောက်ဆန်ဆန
ဇာတ်ကားကြည့်ရန်