The Death of Robin Hood (2026) IMDb Rating (6.2) / Rotten Tomatoes (66%) The Death of Robin Hood က ၂၀၂၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အမေရိကန် သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကားပါ။ ရိုဘင်ဟုဒ်ဆိုတဲ့ နာမည်ကျော် ဇာတ်ကောင်ကို ပုံစံတစ်မျိုး ပြောင်းရိုက်ထားပြီး၊ အရင်လို လူဆိုးသူခိုးတွေကို နှိမ်နင်းတဲ့ ဟီးရိုးပုံစံမျိုး မဟုတ်ဘဲ အတိတ်က သူသတ်ခဲ့တဲ့ လူတွေအတွက် နောင်တတွေရနေတဲ့ အတ္တကြီးပြီး အိုမင်းနေတဲ့ လူသတ်သမားတစ်ယောက်အနေနဲ့ မြင်တွေ့ရမှာပါ။ ဒီဇာတ်ကားကို ဒါရိုက်တာ မိုက်ကယ် ဆာနိုစကီး က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းက အရမ်းကို မှောင်မိုက်ပြီး အကြမ်းဖက်ခန်းတွေ များလွန်းတာကြောင့် ပေါ့ပေါ့ပါးပါးဇာတ်လမ်းတော့ မဟုတ်ပါဘူး။ ဇာတ်လမ်းအကျဉ်း ၁၂၄၇ ခုနှစ် အင်္ဂလန်နိုင်ငံကို အခြေခံထားပြီး၊ ရိုဘင်က သူ့ကို ဟီးရိုးတစ်ယောက်လို့ သတ်မှတ်ထားကြတဲ့ ပုံပြင်တွေကို လက်မခံပါဘူး။ သူက လူတွေနဲ့ဝေးရာမှာ တစ်ယောက်တည်း သီးသန့်ခွဲနေပေမဲ့ သူ့သူငယ်ချင်းဟောင်း လစ်တဲလ်ဂျွန်ရဲ့ ခြံကို ပြန်ယူဖို့အတွက် ကြမ်းတမ်းတဲ့ တိုက်ပွဲတစ်ခုမှာ ပါဝင်ဖို့ အကြောင်းဖန်လာပါတယ်။ အဲဒီတိုက်ပွဲမှာ ရိုဘင်က အပြင်းအထန် ဒဏ်ရာရသွားပြီး ဝေးလံခေါင်ဖျားတဲ့ ကျွန်းပေါ်က ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ ကျန်ခဲ့ပါတယ်။ သူက နာမည်လွှဲနဲ့ နေပြီး အဲဒီက ကျောင်းထိုင်သီလရှင် ဘရစ်ဂျစ်က သူ့ကို ပြုစုပေးပါတယ်။ ဒဏ်ရာသက်သာလာတဲ့အခါ ရိုဘင်က စိတ်ဒဏ်ရာရနေတဲ့ ဂျွန်ရဲ့သမီးလေး မာ
ဇာတ်ကားကြည့်ရန်