The Departed (2006) (Only in Bioscope) IMDB : 8.5 Rotten Tomatoes : 91% Genre : Crime / Thriller The Departed ရုပ်ရှင်ဟာ ဒါရိုက်တာကြီး Martin Scorsese ရိုက်ကူးထားတဲ့ Crime ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ Cast အနေနဲ့ပဲကြည့်မလား၊ Plot အရပဲကြည့်မလား တော်တော်လေးကို ပြီးပြည့်စုံနေတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ “ရုပ်ရှင်ဆိုတာ ကျွန်တော်တို့ရဲ့ နှလုံးသားကို ကိုင်လှုပ်ပြီး အမြင်တွေကို ဆန်းသစ်ပြောင်းလဲပေးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ရုပ်ရှင်တွေက ကျွန်တော်တို့မရောက်ဖူးတဲ့ နေရာတွေကို ခေါ်ဆောင်သွားပေးတယ်။ တံခါးအသစ်တွေကိုဖွင့်ပေးတယ်။ ရုပ်ရှင်ဆိုတာ ဘဝတစ်သက်တာရဲ့ မှတ်ဉာဏ်တွေပါပဲ။ ရုပ်ရှင်တွေကို ရှင်သန်အောင် အမြဲတမ်းထားရမယ်။” ဒါကတော့ Martin Scorsese ပြောခဲ့တဲ့ စကားဖြစ်ပါတယ်။ ဒီရုပ်ရှင်က တစ်သက်လုံးအမှတ်ရနေမယ့် ရုပ်ရှင်မျိုးပါ။ ကြည့်ဖြစ်အောင်ကြည့်ကြည့်လိုက်ပါ။ ဇာတ်ညွှန်း ကော်လင် ဆာလီဗန်နဲ့ ဝီလီယမ် ကော်စတီဂမ်ဂျူနီယာက ရဲသင်တန်းက သင်တန်းသားနှစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ မတူတဲ့ကာလနှစ်ခုမှာ တက်ခဲ့ရတဲ့ သင်တန်းသားနှစ်ယောက်ဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် မသိကြပါဘူး။ ကော်လင်ဆာလီဗန်မှာ ငယ်ဘဝက အဖေလိုနေခဲ့တဲ့ လူတစ်ယောက်ရှိတယ်။ သူက လူဆိုးဂိုဏ်းခေါင်းဆောင် ဖရန့်ခ်ကော်စတယ်လို။ ကော်လင်ဆာလီဗန်ကရဲဖြစ်သွားတော့ ဖရန့်ခ်ရဲ့လက်ကိုင်တုတ်က ရဲဌာနထဲကို ရောက်သွားတယ်လို့တောင်
ဇာတ်ကားကြည့်ရန်