IMDb...7.9 ဇာတ်ကောင်တွေထဲမှာ သူရဲကောင်းဆန်ဆန်စရိုက်မျိုးစုံရှိပေမဲ့ ဖြတ်သန်းခဲ့တဲ့ကာလတစ်လျှောက် ဘဝနဲ့ရင်းပြီးပေးလိုက်ရလုနီးပါး အဖြစ်အပျက်တွေကို ရင်ဆိုင်ဖြတ်သန်းပြီး အတွေ့အကြုံနဲ့ လာမဲ့အနာဂတ်မှာ ကြိုးစားဖြတ်သန်းတဲ့ ပုံစံတွေဟာ ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတယ်....ဒီလိုပုံစံတွေထဲမှာ ဂန္တဝင်ဝတ္ထုကြီးအဖြစ်သတ်မှတ်ခံရတဲ့ ဆွီဒင်နိုင်ငံသား စာရေးဆရာ Stieg Larsson ရဲ့ "Millennium" စာအုပ်ဟာအထင်ကရဖြစ်တယ်... hacker မိန်းကလေး Lisbeth Salander နဲ့ အဓိက ဇာတ်အိမ်တည်ထားပါတယ်..အပေါ်ကပြောသလို ဇာတ်ကောင်ရဲ့ စရိုက်နဲ့ သူဖြတ်သန်းပုံတွေဟာ ကြမ်းတမ်းလွန်းတယ်.... စာအုပ်ကို ပြန်လည်အသက်သွင်းပြီး ရိုက်ကူးခဲ့တဲ့ ဇာတ်ကား(၃)ကားလုံးဟာလည်းအောင်မြင်မှုတွေရရှိခဲ့တယ်... ဒီကားတွေဟာ အစဉ်လိုက်ကြည့်ရမှာပါ ...ပြီးတော့ Scene တစ်ခုချင်းစီတိုင်းကို ကျော်ကြည့်လို့မရသလို ဂရုတစ်စိုက်မှတ်ထားဖို့လည်းလိုပါတယ်...Plot Twist တွေအများကြီးပါသလို ဇာတ်ကောင်တွေရဲ့နာမည်တွေကလည်း အရေးကြီးအစိတ်အပိုင်းဖြစ်လို့ သေချာလေးကြည့်ဖို့လိုပါတယ်... တစ်နှစ်ထဲမှာ (၃)ကားထွက်လို့ ကားနာမည်တွေနဲ့ပဲအစဉ်လိုက်မှတ်သားကြည့်စေလိုပါတယ်.... (1)The Girl with the Dragon Tattoo (2009) (2)The Girl Who Played with Fire (2009) (3)The Girl Who Kicked the Hornet’s Nest (2009) ဒီ(၃)ကားလုံးဟာ စံချိန်တင်ဝင်ငွေရရှိခဲ့သလို ဟက်ကာခပ်ဆိုးဆိုးမိန်းကလေးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ ဆွီဒင်မင်
ဇာတ်ကားကြည့်ရန်