အဲလက်စ်ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ငယ်ငယ်ကတည်း ကွန်ပျူတာကို ဆော့ကစားရင်းကြီးပြင်းခဲ့ရသူမို့ အင်တာနက် ကွန်ပျူတာတွေနဲ့ပတ်သတ်ပြီး အကျွမ်းတဝင်ရှိနေပါတယ်။ သူရဲ့စိတ်ကူးကလည်း ဒီပညာတွေကို ပိုပြီးသင်ယူဖို့ ကောလိပ်တက်ချင်တာပါ။ မိဘတွေက မပြေလည်သူမို့ ကောလိပ်တက်ဖို့ ၁၄ နှစ်အရွယ်လောက်ကတည်းက ခက်ခက်ခဲခဲ အင်တာနက်နေပြီးမှ ငွေရှာပြီး ကိုယ့်ကျောင်းစရိတ်ကိုယ်ရှာနေတဲ့ လူကောင်းလေးတစ်ယောက်ပါ။ ကောလိပ်တက်ခါနီးမှာပဲ သူ့အမေအလုပ်လုပ်နေတဲ့ဘဏ်က သူ့အမေကိုအလုပ်ထုတ်လိုက်ပါတယ်။ သူတို့အိမ်ဂရန်အပေါင်ကလည်း ဒီဘဏ်မှာဖြစ်တဲ့အတွက် အလုပ်မရှိတော့လို့ ချေးငွေလည်းမရနိုင်နဲ့ အိမ်ကိုပါ ဆုံးရှုံးရမယ့်အခြေအနေမို့ သူအနှစ်နှစ်အလလ စုထားတဲ့ငွေလေးတွေကို ထုတ်ပေးလိုက်ပါတယ်။ သူ့ရဲ့ရင်ထဲမှာလည်း ဘဏ်တွေကို စိိတ်နာပြီး နာကျည်းချက်ဝင်နေပါတယ်။ အဲဒီအချိ်န်မှာ “ Dark Web” ဆိုတဲ့အဖွဲ့အစည်းက အင်တာနက်ကဟက်ကာအဖွဲ့အစည်းတွေဖြစ်ပြီး အင်တာနက်ကနေ ငွေကြေးတွေ လိမ်လည်ရယူနေတဲ့ နာမည်ကျော်ဟက်ကာကြီးအဖွဲ့ပါ။ ခေါင်းဆောင်ကတော့ Z ဆိုပြီး မျက်နှာဖုံးနဲ့ လူတစ်ယောက်ပါ ။ ဒီတော့ သူစုထားတဲ့ပိုက်ဆံတွေ မရှိတော့တဲ့ အဲလက်စ်ဟာ ဒီအဖွဲ့ထဲကို ဝင်ဖို့အကြံရသွားပါတယ်။ ဒီအဖွဲ့ထဲ ဝင်ဖို့ကတော့ မလွယ်ကူပါဘူး။ Online ကနေ ငွေကြေးလိမ်လည်မှုတစ်ခုလုပ်ပြနိုင်မှ လက်ခံတာပါ။ ဒီတော့ အဲလက်စ်လည်း ကြိုးစားပြီး Online ငွေကြေးလိမ်လည်မှုုတစ်ခုု လုပ်ပြနိုင်လို့ အောက်ဆုံးအဆင့်ကနေ ဝင်ခွင
ဇာတ်ကားကြည့်ရန်