လူတိုင်းရဲ့မသိစိတ်တစ်နေရာမှာ ကိန်းအောင်းနေတတ်တဲ့ Dark side၊ အမြဲတမ်း မြင်ရလေ့မရှိပေမဲ့ စိတ်ထဲကနတ်ဆိုး အပြင်ကိုရောက်လာပြီဆိုရင်တော့ ကံဆိုးခြင်းတွေ ပျက်စီးခြင်းတွေကိုပါ အတူတကွ သယ်ဆောင်လာတတ်ပါသတဲ့။ မာရွတ်စ်တို့သူငယ်ချင်းတစ်အုပ် ဘွဲ့ရပြီးသွားတဲ့ နောက်မှာတော့ ဘွဲရတဲ့အထိန်းအမှတ်အနေနဲ့ ဘွဲ့ရတဲ့အထိန်းအမှတ်ပါတီလေးလုပ်ဖို့ လူစုပြီးလုပ်ကြပါတော့တယ်။ ဖြစ်ချင်တော့ သူတို့ပါတီကျင်းပဖို့ လုပ်ထားတဲ့နေရာက အဆင်မပြေဖြစ်ပြီး ပျက်သွားပါတော့တယ်။ သူတို့တွေ ချက်ချင်း တခြားနေရာကို ပြောင်းငှားဖို့ လုပ်ကြပေမဲ့ နေရာတိုင်းက ဘိုကင်တွေနဲ့ပြည့်နေတော့ အကျပ်ရိုက်ကုန်ကြပါ တော့တယ်။ အဲဒီအချိန်မှာပဲ ကယ်တင်ရှင်မာရွတ်စ်က သူ့ရဲ့ အိမ်ခြံမြေပွဲစားအမေဖြစ်သူ ရောင်းလို့မထွက်ဖြစ်နေတဲ့ အိမ်အကြောင်းကို ကြားသွားပြီးတော့ အဲဒီအိမ်မှာ ပါတီလုပ်ဖို့ အကြံကို ရသွားပါတော့တယ်။ အဲဒီအိမ် ရောင်းမထွက်ရတဲ့ အကြောင်းအရင်းကတော့ အရင်က အဲဒီအိမ်မှာ နေခဲ့တဲ့မိသားစုမှာ ခင်ပွန်းဖြစ်သူက လွဲပြီးတော့ ကျန်တဲ့မိသားစုဝင်တွေအကုန် မီးလောင်ပြီး သေဆုံးသွားတဲ့ရာဇဝင်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအကြောင်းကို မသိတဲ့ မာရွတ်စ်ဟာ သူ့သူငယ်ချင်းတွေနဲ့အတူ ပါတီလုပ်ဖို့ အဲဒီအိမ်ကြီးဆီကို ထွက်လာကြပါတော့တယ်။ အိမ်ကြီးဆီကို ရောက်တဲ့အခါမှာတော့ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ခင်ပွန်းဖြစ်သူ ထွင်းထုထားတဲ့ သစ်သားပန်းပုရုပ်တွေကို မြင်တွေ့ခဲ့ကြရပြီးနောက်မှာ ပါတီလုပ်ကြရင်း သစ်သားပန်း
ဇာတ်ကားကြည့်ရန်