Brothers Under Fire (2026) 24, Designated Survivor, Touch လို စီးရီးအလန်းတွေထဲက မင်းသားကြီး Kiefer Sutherland ပါဝင်ထားတဲ့ အက်ရှင်ကားအသစ်လာပါပြီ။ ဒီကားကတော့ အက်ရှင်ခပ်ကြမ်းကြမ်းနဲ့ အသက်လုရုန်းကန်ရတဲ့ ဇာတ်လမ်းမျိုး ကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမယ့် ဇာတ်ကားသစ်လေးပါ။ မူလက "Sierra Madre" လို့ နာမည်ပေးထားပေမယ့် နောက်ပိုင်းမှာ "Brothers Under Fire" ဆိုပြီး နာမည်ပြောင်းထားပါတယ်။ ဇာတ်လမ်းအကျဉ်း ကပ္ပတိန် ဂျော်ဒန်ရိုက် နဲ့ သူ့ရဲ့ အမေရိကန် အထူးတပ်ဖွဲ့ဝင်တွေဟာ သူတို့အဖွဲ့ထဲက ဆေးတပ်သား သူငယ်ချင်းဖြစ်သူရဲ့ မင်္ဂလာဆောင်ကို တက်ဖို့ တောင်အမေရိကတိုက်က မြို့လေးတစ်မြို့ကို ခွင့်ယူပြီး သွားကြပါတယ်။ အားလုံး ပျော်ပျော်ပါးပါး မင်္ဂလာဆောင်ကို ဆင်နွှဲနေကြတုန်း မျှော်လင့်မထားဘဲ ရက်စက်တဲ့ ဒေသခံ ကာတဲလ် မူးယစ်ဂိုဏ်းက ဝင်စီးပြီး ပစ်ခတ်ပါတော့တယ်။ အဲဒီမှာတင် သူတို့ရဲ့ ဆေးတပ်သား သူငယ်ချင်း သေဆုံးသွားခဲ့ရတယ်။ ဒီလိုနဲ့ ပျော်စရာမင်္ဂလာဆောင်ကနေ သွေးထွက်သံယို စစ်ပွဲကြီးတစ်ခုအဖြစ် ချက်ချင်းပြောင်းသွားပါတော့တယ်။ ကပ္ပတိန်ဂျော်ဒန်နဲ့ ကျန်နေတဲ့ တပ်ဖွဲ့ဝင်တွေဟာ သူတို့သူငယ်ချင်းအတွက် လက်စားချေဖို့နဲ့ အပြစ်မဲ့ မြို့သူမြို့သားတွေကို ကာကွယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ စစ်မြေပြင်အတွေ့အကြုံရှိတဲ့ စစ်သားတွေနဲ့ ရက်စက်တဲ့ လူသတ်သမား ဂိုဏ်းသားတွေကြားက အကြိတ်အနယ် အသက်လုတိုက်ပွဲကို ရင်တမမနဲ့ ကြည့်ရမှာပါ။ ဒီကားက ရိုးရိုးရှင်းရှင်း အက်
ဇာတ်ကားကြည့်ရန်