A Bloody Aria (2006) Memoir Of A Murderer ရုပ်ရှင်ကို ရိုက်ကူးဖန်တီးခဲ့တဲ့ ဒါရိုက်တာကြီး Won Shin Yun ရဲ့ IMDb 6.4 ရှိတဲ့ ဇာတ်ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင်…။ ဒါရိုက်တာ Won Shin Yun ရဲ့ ပုံစံအတိုင်း ဇာတ်လမ်းအမျိုးအစားကလည်း Thriller, Black Comedy ပုံစံမျိုးဖြစ်ပြီး ဒါရိုက်တာကိုယ်တိုင်ပဲ ဇာတ်လမ်းကို ရေးသားခဲ့တာပါ…။ ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ ဒေါက်တာဂင်(ဂင်ဆာဘူ)အနေနဲ့ လူသိများကြတဲ့ Dr. Romantic စီးရီးထဲက သရုပ်ဆောင် Han Suk Kyu ၊ ကိုရီးယားကား ကြည့်တဲ့သူတိုင်း တစ်ကားကားမှာတော့ မြင်ဖူးနိုင်တဲ့ ဇာတ်ပို့သရုပ်ဆောင်တွေဖြစ်တဲ့ Lee Moon Sik နဲ့ Oh Dal Su တို့အပြင် အမျိုးသမီးဇာတ်ဆောင်အနေနဲ့ Battle For Happiness , Glamorous Temptation စီးရီးတွေမှာ ပါဝင်ခဲ့တဲ့ Cha Ye Ryun တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအစမှာတော့ တက်သစ်စ Opera အဆိုရှင်မလေး အင်ဂျောင်က သူ့ရဲ့ ပါမောက္ခနဲ့အတူ ကျေးလက်ဒေသတစ်ခုကို ခရီးထွက်ခဲ့ပါတယ်။ အင်ဂျောင်က လာမယ့် Opera ဖျော်ဖြေပွဲမှာ လူရွေးပွဲဝင်ခဲ့တော့ လူရွေးပွဲမှာ သူအရွေးခံရနိုင်လားဆိုတာ သိချင်တဲ့အတွက် ပါမောက္ခကို ကပ်နေတဲ့ သဘောပေါ့။ ဒါပေမဲ့ သူ့အစီအစဉ်တိုင်း မဖြစ်ခဲ့ဘဲ ပါမောက္ခက သူ့ကို လူသူမရှိတဲ့ မြစ်ကမ်းဘေးတစ်နေရာကို ခေါ်သွားခဲ့တယ်။ အဲဒီနေရာမှာ လူရွေးပွဲအကြောင်းပြောမဲ့အစား ပါမောက္ခကြီးက အင်ဂျောင်ကို အဓမ္မပြုက
ဇာတ်ကားကြည့်ရန်