Frenzy (1972) IMDb: 7.4/10 Rotten Tomatoes : 97% Genre : Thriller/Mystery လွန်ခဲ့တဲ့ နှစ်၅၀ ဝန်းကျင်လောက်က နာမည်ကြီးဝတ္ထုတစ်ပုဒ်ကို အခြေခံပြီး ပြန်လည်မွမ်းမံရိုက်ကူးထားတဲ့ ဗြိတိသျှနိုင်ငံ လန်ဒန်မြို့ကို အခြေစိုက် ရိုက်ကူးထားတဲ့ စုံထောက်ဇာတ်လမ်းဖြစ်ပါတယ်။ Jack the Ripper တို့လို ကွင်းဆက်လူသတ်သမားတွေကြောင့် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ လန်ဒန်က နက်ခ်တိုင်နဲ့ လည်ပင်းညှစ်သတ်တဲ့ မုဒိမ်းလူသတ်ကောင်တစ်ယောက်ကို ဖမ်းဆီးရှာဖွေကြမယ့် ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအကျဉ်း ရစ်ချက်ဘလိန်နီဟာ လေတပ်အရာရှိဟောင်း အိမ်ထောင်ကွဲတစ်ယောက်ဖြစ်ပြီး ဘဝကိုပေတေစုတ်ပြတ်စွာ ဖြတ်သန်းရင်း ဘုံဆိုင်တစ်ခုမှာ အလုပ်ဝင်လုပ်နေရာက သူနဲ့အမြင်မကြည်တဲ့ ဆိုင်မန်နေဂျာက အားတိုင်း ရှက်ကီခိုးထု ပစ္စည်းတွေခိုးပါတယ်ဆိုပြီး သောက်မြင်ကပ်ပုဒ်မနဲ့ ကွိုင်ရှာလို့ မန်နေဂျာနဲ့ စကားများပြီး အလုပ်ကထွက်လာခဲ့ပါတယ်။ သွားစရာ စားစရာလည်းမရှိလို့ သူငယ်ချင်းတစ်ယောက် အကြံပေးတဲ့အတိုင်း ကွာရှင်းထားတဲ့ မိန်းမဆီကို အပူကပ်ခဲ့ရပါတယ်။ မိန်းမဖြစ်သူကတော့ ကြင်ဖက်ရှာဖွေရေး အေဂျင်စီထောင်ထားပြီး အတော်လေးအောင်မြင်နေတဲ့ အမျိုးသမီးဖြစ်နေပါတယ်။ ငမူး ရစ်ချက် ဘလိန်နီကတော့ မူမူးရူးရူးနဲ့ အပြောမဆိုတတ် အော်ကြီးဟစ်ကျယ် မိန်းမဖြစ်သူကို ပြောလို့ဆိုလို့ပေါ့။ သူတို့ လန်ဒန်မြို့မှာပဲ နက်ခ်တိုင်လူသတ်သမားဆိုတဲ့လူကို သဲလွန်စတောင် မရှာနိုင်သေးလို့
ဇာတ်ကားကြည့်ရန်