Curse of the Seven Seas (2024) တစ်ခါတလေမှာ ကျိန်စာလို့ ကိုယ်ထင်နေတဲ့အရာက ဘုရားပေးတဲ့ဆုလာဘ်တစ်ခု ဖြစ်သွားနိုင်သလို ဆုလာဘ်လို့ထင်နေတဲ့အရာတစ်ခုကလည်း ကိုယ့်ကို ကံဆိုး မိုးမှောင်ကျစေတဲ့ ကျိန်စာတစ်ခု ဖြစ်သွားနိုင်ပါတယ်။ ကီပ်တိုတစ်ယောက် သားလေးအာဒီ ကျောက်ကပ်ခွဲစိတ်နိုင်ဖို့ အလုပ်ကြိုးစားပြီး ရုန်းကန်ခဲ့ပေမဲ့ အာဒီက ခွဲစိတ်မှုအပြီးမှာ အရိပ်တွေမြင်နေတယ်ဆိုပြီး ငိုယိုနေတော့ ကီပ်တိုနဲ့မာနီတို့လည်း နောက်ထပ်အပူတစ်ခုတိုးပြီး ရတက်မအေးနိုင် ဖြစ်ရပြန်တာပေါ့။ ဒီလိုနဲ့ သဘာဝလွန်ဖြစ်ရပ်တွေမှာ ကျွမ်းကျင်လိမ္မာတဲ့ ရူစတန်ဆိုတဲ့လူကြီးရဲ့ အကူအညီနဲ့ အာဒီတစ်ယောက် အန္တရာယ်များတဲ့ခွဲစိတ်မှုအပြီးမှာ ထူးဆန်းစွာနဲ့ တတိယမျက်လုံးပွင့်သွားပြီး တစ်ပါးသူမမြင်နိုင်တဲ့ဝိညာဉ်တွေကို မြင်နေတာဖြစ်ကြောင်း သိလိုက်ရပါတယ်။ ဒါပေမဲ့ အာဒီလေးအဆင်ပြေစေဖို့အတွက် ဒီတတိယမျက်လုံးရဲ့ အစွမ်းတွေကို ဖိနှိပ်ထားလိုက်ပြီး ရူစတန်ကတော့ အာဒီကို ဈေးထဲ မသွားခိုင်းဖို့ မိဘတွေကို မှာခဲ့တာပေါ့။ နှစ်တွေအတော်ကြာပြီးချိန် အာဒီလည်း လူပျိုပေါက်အရွယ်ရောက်လို့ အာရစ်ဖ်ဆိုတဲ့ ညီတစ်ယောက်နဲ့ ရှီဖာဆိုတဲ့ညီမလေးတစ်ယောက်ရှိလာချိန်မှာတော့ သူအမြဲရှောင်နေတဲ့ အဖေ့ဆိုင်ရှိတဲ့ဈေးကို မဖြစ်မနေသွားရဖို့ဖြစ်လာပြီး ကံဆိုးချင်တော့ အဖေနဲ့ဦးလေးရဲ့ အငြင်းပွားသံကို နားစွန်နားဖျားကြားလိုက်ရပါတယ်။ အဓိကကတော့ ဈေးထဲက ကုန်စုံဆိုင်တ
ဇာတ်ကားကြည့်ရန်