ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ Demon City ဆိုတဲ့ဂျပန်အက်ရှင်ကားလေးပဲဖြစ်ပါတယ်.. ဒီကားလေးဟာဆိုရင် အသတ်အပုတ်အတိုက်အခိုက်ခန်းများ တင်းကြမ်းပါဝင်လို့ အက်ရှင်ဇာတ်ကားချစ်သူများအတွက် အရသာတွေ့စေမှာ သေချာပါတယ်... Sakata ဟာဆိုရင် လက်မရွံ့လူသတ်သမားတစ်ယောက်ဖြစ်ပြီး Shinjo မြို့တော်ရဲ့ ဒဏ္ဍာရီအတိုင်း နတ်ဆိုးဝင်ပူးနေသူလို့လည်း သတ်မှတ်ခံသူတစ်ယောက်ဖြစ်ပါတယ်.. Shinjo မြို့တော်တွင် အင်အားချင်းပြိုင်နေသည့် ယာကူဇာဂိုဏ်းကြီး နှစ်ဂိုဏ်းရှိရာ ဇာတ်လမ်းအစမှာပဲ Sakata လက်ချက်နဲ့ ဂိုဏ်း တစ်ဂိုဏ်းဟာ ကိစ္စတုံးခဲ့ရပါတယ်.. ထိုသို့ကိစ္စတုံးအပြီး Sakata တစ်ယောက်ဟာ မိသားစုဘဝလေးကို အေးအေးချမ်းချမ်းအလုပ်လုပ်ရင်း ဖြတ်သန်းဖို့ဆုံးဖြတ်ကာ လက်မရွံ့လူသတ်သမားအဖြစ်က အနားယူဖို့လုပ်ချိန်မှာတော့ အနားယူခွင့်မပေးလိုတဲ့သူတချို့ဟာ Sakata ရဲ့အေးချမ်းပျော်ရွှင်နေတဲ့ မိသားစုဘဝလေးကို ဖျက်ဆီးကာ ၎င်းကိုသတ်ဖြတ်ဖို့ အိပ်မက်ဆိုး သဖွယ်လာခဲ့ပါတယ်... သာမန်အလုပ်ကလေးတစ်ခုကို ရှာဖို့ ဇနီးဖြစ်သူနဲ့တိုင်ပင်ထားကြတဲ့ Sakata တို့ရဲ့ အိမ်ဂေဟာလေးအတွင်းကို ဘယ်သူဘယ်ဝှာမှန်းမသိတဲ့ မျက်နှာဖုံးစွပ်အဖွဲ့တွေ ရောက်လာပြီး သမီးနဲ့ ဇနီးကို ချုပ်ကိုင်ကာ Sakata ကို အလွယ်တကူပဲ သတ်ဖို့လုပ်ပါတယ်... ဒေသတွင်းသတင်းများမှာတော့ ဇနီးဖြစ်သူနှင့် သမီးကို ပစ်သတ်ကာ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်တဲ့ Sakata အကြောင်းဟာ ဟိုးလေးတကြော်ဖြစ်ခဲ့ပြီး လူသတ်မ
ဇာတ်ကားကြည့်ရန်