Civil War Saint
တိုက်ပွဲအတွင်း ဒဏ်ရာရခဲ့တဲ့ ဂျွန်နသန်ကို ဆေးရုံက ဝီလာမီနာဆိုတဲ့ ခွေးမလေးက ရှာတွေ့ပြီး ကယ်ဆယ်ခဲ့ပါတယ်။ ဂျွန်နသန် သတိမရသေးတဲ့အချိန်မှာပဲ စစ်ပွဲပြီးသွားလို့ အားလုံးလည်း ကိုယ့်အိမ်ကိုယ် ပြန်ကုန်ကြတယ်။ သူပြန်သတိရလာတော့မှ သူနာပြုဆရာမကြီးဆီကနေ အဲဒီအကြောင်းတွေ သိရတာပါ။ ဂျွန်နသန်လည်း သူ့နေရပ် မေယာလန်းကို ပြန်ဖို့ ပြင်ဆင်လိုက်တယ်။ အဲဒီအခါ ဆေးရုံမှာ စောင့်ရှောက်မယ့်သူ မရှိတော့တဲ့ ဝီလာမီနာကိုပါ ခေါ်သွားပေးဖို့ သူနာပြုဆရာမကြီးက တောင်းဆိုလာပါတယ်။ လမ်းခရီးမှာ အဖော်လည်းရတာကြောင့် ဂျွန်နသန်က ခေါ်သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့ လူတစ်ယောက်၊ ခွေးတစ်ကောင် အိမ်ပြန်ခရီးထွက်လာရာက မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေကို ကြုံရပါတော့တယ်။
ဇာတ်လမ်းအကြောင်း