Neelavelicham
ချုံနွယ်တွေက လျှောက်လမ်းကိုတောင် ဖုံးနေတဲ့ ခြံကြီးတစ်ခြံထဲမှာ နွယ်တွေ ရစ်ပတ်နေတဲ့ အိမ်အိုကြီးနဲ့ ရေတွင်းပျက်တစ်လုံး ရှိပါတယ်။ ဒီခြံမှာ အခြောက်အလှန့်ကြမ်းတယ်လို့ နာမည်ထွက်နေလို့ မြို့ထဲကလူတွေက နေ့ခင်းဘက်တောင် ခြံရှေ့က မဖြတ်ရဲကြဘူး။ အရင်က ခြံပိုင်ရှင်ရဲ့သမီးဟာ အချစ်ကို ဆုံးရှုံးခဲ့ရလို့ ရေတွင်းထဲ ခုန်ချပြီး သေဆုံးသွားခဲ့တယ်။ အဲဒီနောက် ယောက်ျားတွေကို မုန်းတီးတဲ့ သရဲအဖြစ် ခြံကိုစောင့်နေပြီး တွေ့သမျှလူတွေကို ခြောက်လှန့်တယ်လို့ ဆိုကြပါတယ်။ ဒီအကြောင်းတွေကို မသိဘဲ ခြံကို ငှားမိသွားသူကတော့ စာရေးဆရာပေါက်စတစ်ယောက်ပါ။ ဈေးသက်သာတာနဲ့ နှစ်လစာငွေကြိုချေပြီး ငှားလိုက်မိတယ်။ သူ ဒီခြံမှာနေတယ်လို့ မိတ်ဆက်လိုက်တိုင်း လူတွေက ကြောက်လန့်ကုန်ကြပြီး သူကိုယ်တိုင်လည်း ချောက်ချားစရာတွေကို တဖြည်းဖြည်း ကြုံလာရပါတယ်။ တခြားနေရာကို ပြောင်းငှားဖို့လည်း ပိုက်ဆံမရှိတဲ့အခါ ဒီခြံထဲက မမြင်ရတဲ့သူနဲ့ ဘယ်လိုဆက်နေသွားရမလဲဆိုတာကို ကြည့်ရမှာပါ။
ဇာတ်လမ်းအကြောင်း