ဇာတ်ကား / 2026Practical Magic 2Practical Magic 2 [2026] 4K HEVC
+++++++++++++++
၁၉၉၈ တုန်းက ပရိသတ်တွေ သည်းသည်းလှုပ်ကြိုက်ခဲ့ကြတဲ့ classic စုန်းမကြီးတွေရဲ့ ဇာတ်လမ်းကို ပရိတ်သတ်တွေမျှော်နေခဲ့ရတာ အခုဆိုရင် နှစ်ပေါင်း ၃၀ နီးပါးတောင် ရှိသွားခဲ့ပါပြီ။ ၂၀၂၆ မှာတော့ ဒါရိုက်တာ Susanne Bier က Alice Hoffman ရဲ့ The Book of Magic ဆိုတဲ့ဝတ္ထုကို အခြေခံပြီး Practical Magic 2 အဖြစ် ပရိသတ်တွေဆီ ပြန်ယူဆောင်လာခဲ့တာပါ။
ဒီကားထဲမှာတော့ မူလဇာတ်လမ်းက မမေ့နိုင်စရာ Owens ညီအစ်မနှစ်ယောက်ဖြစ်တဲ့ Sally (Sandra Bullock) နဲ့ Gillian (Nicole Kidman) တို့ ပြန်ဆုံကြပါတယ်။ သူတို့မိသားစုမှာ ခေတ်အဆက်ဆက်ဒုက္ခပေးနေတဲ့ ကျိန်စာဆိုးကြီးတစ်ခုရှိပါတယ်။ အဲဒါကတော့ Owens မိသားစုဝင်မိန်းကလေးတွေနဲ့ ချစ်မိသမျှယောကျ်ားတိုင်းဟာ အချိန်တိုအတွင်း သေဆုံးရတာပါပဲ။
ဒီတစ်ခေါက်မှာတော့ ဒီကျိန်စာဆိုးကြီးကို အမြစ်ပြတ်ရှင်းပစ်ဖို့ ညီအစ်မနှစ်ယောက်လက်တွဲလိုက်ကြပါတယ်။ သူတို့ရဲ့အဒေါ်စုန်းမကြီးတွေဖြစ်ကြတဲ့ Aunt Jet (Dianne Wiest) နဲ့ Aunt Franny (Stockard Channing) တို့လည်း ပါဝင်လာကြသလို၊ Sally ရဲ့ အရွယ်ရောက်လာပြီး မှော်စွမ်းအားပါလာတဲ့ သမီးပျိုလေးနှစ်ယောက်ဖြစ်တဲ့ Kylie (Joey King) နဲ့ Antonia (Maisie Williams) တို့လည်း အင်အားဖြည့်လာကြပါတယ်။ ဒါပေမဲ့ ဒီမိသားစုကျိန်စာကို ချိုးဖျက်ဖို့ကြိုးစားတဲ့လမ်းကြောင်းမှာ လျှို့ဝှက်ဆန်းကြယ်တဲ့အန္တရာယ်တွေ၊ ရန်သူတွေနဲ့အတူ Ian Wright (Lee Pace) နဲ့ Gideon (Xolo Maridueña) တို့လို ဇာတ်ကောင်သစ်တွေ ပါဝင်လာတဲ့အခါမှာတော့ မိသားစုအသက်အန္တရာယ်နဲ့အချစ်ရေးတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲဆိုတာ စိတ်လှုပ်ရှားစရာကြည့်ရှုရမှာ ဖြစ်ပါတယ်။
ထုတ်လုပ်ရေးဘတ်ဂျက် ဒေါ်လာ ၇၅ သန်းသုံးထားပြီး၊ ကမ္ဘာတစ်ဝန်းမှာ ဝင်ငွေဒေါ်လာ ၁၀၂ သန်းခန့် ရရှိထားပါတယ်။ Sandra Bullock နဲ့ Nicole Kidman တို့ရဲ့ တွဲဖက်ညီမှုက ပရိသတ်တွေ သဘောကျနေတဲ့အချက်တစ်ခုပါပဲ။ PG-13 သတ်မှတ်ထားတာမို့လို့ အသက် ၁၃ နှစ်နဲ့အထက်ကြည့်ဖို့ သင့်တော်ပါတယ်။
File Size… (5.35GB)/(1.95GB) / (1.07GB)
Quality… WEB-DL 4K HEVC/ 1080p HEVC / 720p
Format…mkv / mp4
Duration…2h 10m
Genre …Romance, Fantasy, and Comedy
Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်