ဇာတ်ကားများ ရွေးရန်

Beauty from Surrender

2026ဇာတ်ကားအမှတ် 8.0/10108 မိနစ်

Beauty from Surrender (2026) IMDb Rating (5.7) Laurelyn ဟာ သူ့ချစ်သူ Jack Henry က သူ့အပေါ် တကယ်မချစ်ဘူး၊ အတည်မတွဲချင်ဘူးလို့ ထင်ပြီး စိတ်နာနာနဲ့ သြစတြေးလျကနေ သူ့ရဲ့နေရပ် နက်ရှ်ဗီးလ် (Nashville) မြိုလေးကို ပြန်လာခဲ့ပါတယ်။ အသည်းကွဲဒဏ်ရာကို ကုစားဖို့အတွက် Laurelyn တစ်ယောက် သူဝါသနာပါတဲ့ Country ဂီတလောကထဲကို ခြေစုံပစ်ဝင်လိုက်ပြီး မကြာခင်မှာပဲ သူက အောင်မြင်ကျော်ကြားတဲ့ စတားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း Jack Henry က Laurelyn ကို လက်လွှတ်လိုက်ရတာ သူ့ဘဝရဲ့ အမှားကြီးတစ်ခုဆိုတာ နောက်ကျမှ နောင်တရသွားတာကြောင့် သူက Laurelyn ကို သုံးလတိုင်တိုင် အရူးအမူး လိုက်ရှာပါတော့တယ်။ နောက်ဆုံးမှာတော့ Jack တစ်ယောက် Laurelyn ရဲ့ ဖျော်ဖြေပွဲတစ်ခုမှာ ပြန်တွေ့ခွင့်ရခဲ့ပြီး သူ့အမှားတွေကို ပြင်ဆင်ဖို့၊ Laurelyn ကို တစ်သက်လုံး လက်တွဲသွားဖို့ အခွင့်အရေးတောင်းပါတော့တယ်။ အဲဒီမှာ Laurelyn တစ်ယောက် အတိတ်ကလို ထပ်ပြီး အသည်းမကွဲချင်တော့လို့ သူ့ရဲ့ အောင်မြင်ခါစ သီချင်းဆိုအလုပ်ကိုပဲ ဆက်လုပ်မလား၊ ဒါမှမဟုတ် Jack ရဲ့ အချစ်ကို ယုံကြည်ပြီး ဒုတိယအကြိမ် စွန့်စားကြည့်မလား ဆိုတာကိုတော့ ဒီရင်ခုန်စရာ အချစ်ဇာတ်လမ်းထဲမှာ ဆက်ပြီး အဖြေရှာကြည့်လို့ရပါတယ်။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) File size… (950 MB) / (580 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Romance Duration…. 01:49:24 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း