ဇာတ်ကားများ ရွေးရန်

Love Not Comedy

2026ဇာတ်ကား134 မိနစ်

မင်းသား Nakajima Kento နဲ့ ချစ်စရာ မင်းသမီးလေး Nagahama Neru တို့ အတွဲညီညီ လက်စွမ်းပြထားတဲ့ Japan Rom-com ကားလေး ဖြစ်ပါတယ်။ ဒီကားလေးက ပြောရမယ်ဆို ဂျပန် Entertainment လောကရဲ့ နောက်ကွယ်က သရုပ်ဆောင်တွေရဲ့ ပရော်ဖက်ရှင်နယ် ရုန်းကန်မှုနဲ့ မေတ္တာရေးကို ဟန်ချက်ညီညီ ရိုက်ကူးထားတဲ့ အလွန်ဆွဲဆောင်မှုရှိတဲ့ ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ Reiji Kanzaki (ခန်ဇာခိ ရဲအိဂျိ) ဟာ မျက်နှာချောချော၊ အပြုံးချိုချိုတွေနဲ့ ဂျပန်တစ်နိုင်ငံလုံးက ပရိသတ်တွေကို ရင်ခုန်အောင် လုပ်နိုင်ခဲ့တဲ့ ထိပ်တန်း မင်းသားချောတစ်ဦး ဖြစ်ပါတယ်။ ရိုမန့်တစ်ဟာသ (Rom-com) ဇာတ်ကားတွေနဲ့ နာမည်ကြီးခဲ့ပေမဲ့ အသက် ၃၀ ပြည့်လာတဲ့အခါမှာတော့ ပုံစံခွက်တစ်ခုတည်းမှာ ပိတ်မိနေတဲ့ သူ့ရဲ့ အနုပညာဘဝကို စိတ်ကုန်လာပြီး "သရုပ်ဆောင်စစ်စစ်" အဖြစ် အသိအမှတ်ပြုခံရမယ့် လေးနက်တဲ့ Serious Drama ကားတွေဘက် ကူးပြောင်းဖို့ ပြင်ဆင်ပါတော့တယ်။ ဒါပေမဲ့ သူ့ရဲ့ ရည်မှန်းချက် အကောင်အထည်မဖော်မီမှာပဲ နောက်ထပ် Rom-com ရုပ်ရှင်ကြီးတစ်ခုမှာ ခေါင်းဆောင်ပါဝင်ဖို့ ကမ်းလှမ်းချက် ရောက်လာပါတယ်။ ဒီတစ်ကြိမ်မှာ သူ့ရဲ့ တွဲဖက်သရုပ်ဆောင်အဖြစ် ပါဝင်လာသူကတော့ အလုပ်အပေါ် အလွန်ကြိုးစားအားထုတ်ပြီး သမာဓိရှိတဲ့ Idol မလေး Misato Minamikaze (မိနာမိခါဇဲ မိဆာတို) ပါပဲ။ Rom-com တွေကို အပျော်သဘော ဖျော်ဖြေရေးသက်သက်လို့ သဘောထားပြီး ထွက်ပြေးချင်နေတဲ့ ဝါရင့်မင်းသား Reiji နဲ့၊ ဒီအခွင့်အရေးကို သူမရဲ့ ဘဝပေးတာဝန်တစ်ခုလို အလေးအနက်ထား ကြိုးစားနေတဲ့ Idol မလေး Misato တို့အကြား လုပ်ငန်းခွင် အမြင်မတူမှုတွေ စတင်ပေါက်ကွဲပါတော့တယ်။ အတူတူ သရုပ်ဆောင်ရင်း တစ်ယောက်ရဲ့ အားသာချက်၊ အားနည်းချက်နဲ့ အနုပညာအပေါ် ထားရှိတဲ့ စေတနာတွေကို နားလည်လာကြတဲ့အခါမှာတော့... ဇာတ်ညွှန်းထဲက အတုအယောင် အချစ်ထက် ပိုမိုနက်ရှိုင်းတဲ့ စစ်မှန်တဲ့ ရင်ခုန်သံတွေ စတင်စီးမျောလာပြီး ဘာဆက်ဖြစ်ကြမလဲဆိုတာကတော့... ရင်ခုန်စွာနဲ့ ဆက်လက်ခံစားရမှာပါ။ File size…    1.6 GB / 750 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 2h Genre ..... Japanese, Romance, Comedy Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း