ဇာတ်ကားများ ရွေးရန်

One Last Love Letter

2026ဇာတ်ကားအမှတ် 8.5/10122 မိနစ်

One Last Love Letter (2026) "စာရွက်ပေါ်က မှင်တွေ ဖျော့သွားရင်တောင်... ရင်ဘတ်ထဲက အချစ်တွေကတော့ လတ်ဆတ်နေဆဲပါပဲ..." အချစ်ဆိုတာ အမြဲတမ်း ပေါင်းဖက်ခြင်းနဲ့ အဆုံးသတ်တာမဟုတ်ဘူးဆိုတာကို မျက်ရည်ခံခွက်လေးနဲ့ ကြည့်ရမယ့် J-Movie Romance ကားသစ်လေး လာပါပြီ။ ဂျပန်ကားပရိသတ်တွေအတွက် ၂၀၂၆ ခုနှစ် ဧပြီလမှာ ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးကတော့ အတိတ်နဲ့ ပစ္စုပ္ပန်ကို အပြန်အလှန်ချိတ်ဆက်ပြသသွားမယ့် ဇာတ်လမ်းလေးပါ။ ၂၀၂၄ ခုနှစ်မှာ ထမင်းဆိုင်လေးဖွင့်ထားတဲ့ နာဇုနဆိုတဲ့ အမျိုးသမီးက လူငယ်လေးတစ်ယောက်ဆီကို စာတစ်စောင်ရေးလိုက်ရာကနေ ဇာတ်လမ်းစတင်ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နှစ်၊ ၂၀၀၀ ခုနှစ်တုန်းက အသက် ၁၇ နှစ်အရွယ် နာဇုနလေးဟာ ရထားပေါ်မှာ အမြဲဆုံရတဲ့ ရှင်းဆုကဲဆိုတဲ့ ကျောင်းသားလေးကို တိတ်တခိုး ချစ်ခင်ခဲ့ရသူပါ။ ရှင်းဆုကဲကတော့ ကျောင်းဆင်းရင် လက်ဝှေ့လေ့ကျင့်ပြီး ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဖြစ်ဖို အိပ်မက်မက်နေတဲ့ လူငယ်လေးပေါ့။ သူတိုနှစ်ယောက်အတွက် ၂၀၀၀ ခုနှစ် မတ်လ ၈ ရက်နေ့ဟာ ကံကြမ္မာအလှည့်အပြောင်းဖြစ်ခဲ့တဲ့ နေ့တစ်နေ့ပါ။ ၂၀၂၄ မှာတော့ နာဇုနရေးလိုက်တဲ့စာဟာ ရှင်းဆုကဲရဲ့ မိသားစုဆီကို ရောက်သွားခဲ့ပါတယ်။ ဖခင်ဖြစ်သူ ရူဂျီဟာ အဲဒီစာကိုဖတ်ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့သားရဲ့ မသိခဲ့ရတဲ့ လူငယ်ဘဝအကြောင်းတွေကို သိရှိသွားခဲ့ရတယ်။ အဲဒီနောက်မှာတော့ ဖခင်ဖြစ်သူက နာဇုနဆီကို စာပြန်ရေးဖို ကြိုးစားပါတော့တယ်။ ဒီစာတွေထဲမှာ ဘယ်လို လွမ်းမောဖွယ်ရာ အတိတ်တွေ ပါနေမလဲ... သေဆုံးသွားတဲ့ ချစ်သူအတွက် ရေးတဲ့ နောက်ဆုံးချစ်သဝဏ်လွှာလေးက ဘယ်လောက်တောင် ရင်နင့်စရာကောင်းမလဲဆိုတာကို ၂ နာရီနဲ့ ၂ မိနစ်ကြာ ဆွဲဆောင်မှုရှိရှိ ရိုက်ပြထားတာပါ။ ဂျပန် Feature Film ကောင်းလေးမို Slow Burn ဆန်ဆန်နဲ့ တရှုံ့ရှုံ့ငိုရင်း Vibe ပြောင်းချင်တဲ့ ဘော်ဒါတွေအတွက် ဒီ Weekend မှာ မဖြစ်မနေ ကြည့်သင့်တဲ့ ကားကောင်းလေးအဖြစ် ညွှန်းဆိုပေးလိုက်ပါတယ်ဗျာ။ File size…1.61GB / 763MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 2 hr. 2 min. Genre ….. Romance, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း