ဇာတ်ကားများ ရွေးရန်

The Borrowed Life

2026ဇာတ်ကား

The Borrowed Life (2026) အိုင်နာဟာ မျက်နှာမှာမွေးရာပါအမှတ်ကြီးရှိတာကြောင့် တစ်သက်လုံး လူတောမတိုးရဲခဲ့သလိုအမြဲတမ်းလှောင်ပြောင်ခံခဲ့ရတဲ့ ကောင်မလေးတစ်ယောက်ပါ။ သူကြိတ်ခရပ်ရှ်နေတဲ့တစ်ယောက်ကလည်းကောင်မလေးတွေ အသည်းစွဲမော်ဒယ် ဘတ်စတီ ဖြစ်နေတော့ ပိုပြီးအခက်တွေ့နေရပါတယ်။ တစ်နေ့တော့ mobile app တစ်ခုကနေတစ်ဆင့် ဖီလ်တာခံပြီး ဓာတ်ပုံရိုက်လိုက်ချိန်မှာ သူ့ရဲ့အပြင်ကမျက်နှာကပါ ရုတ်တရက်ပြောင်းလဲလှပသွားတာကြောင့် မျက်နှာလှလှလေးနဲ့သူ့ကိုယ်သူ အစ္စဘယ်လ်ဆိုတဲ့အမည်တစ်မျိုးနဲ့ယူပြီး ဘတ်စတီကိုချဉ်းကပ်ခဲ့ပါတယ်။ ဒါပေမယ့် ဖီလ်တာနဲ့မျက်နှာကိုလှအောင်လုပ်တာက တစ်ကြိမ်ကို ၁၂ နှစ်ရီသာခံတာကြောင့်ဘတ်စတီရှေ့မှာ သူဟာ အိုင်နာဖြစ်လိုက် အစ္စဘယ်ဖြစ်လိုက် ဗျာများရပါတော့တယ်။ အဲ့ဒီလိုသူ့ဟာနဲ့သူရှုပ်နေပြီးသား ဇာတ်ကို ဘတ်စတီရဲ့ရည်းစားဟောင်းဖြစ်တဲ့ ဂျိုအန်းနားက ပိုရှုပ်အောင် ခလောက်ဆန်ဖို့ပြန်ရောက်လာချိန်မှာတော့..။ The Borrowed Life ဟာဖိလစ်ပိုင်ရဲ့ပထမဆုံး ဒေါင်လိုက်ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး နောက်ပိုင်းမှာ သူ့အောင်မြင်မှုကြောင့် Viva One ကနေတစ်ဆင့် ရုပ်ရှင်ကားကြီးအဖြစ်အသွင်ပြောင်းပြသခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ စံပြ ဒေါင်လိုက်ဇာတ်လမ်းတွဲတစ်ခုဖြစ်တာကြောင့်ဒေါင်လိုက်ဇာတ်လမ်းတွဲပရိသတ်တွေအကြိုက်တွေ့ကြမှာပါ။ File size… (1.7 GB) / (920 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Romance Duration…. 01:53:13 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း