ဇာတ်ကားများ ရွေးရန်

Bearcave

2026ဇာတ်ကားအမှတ် 5.8/10121 မိနစ်

Bearcave (2025) “တစ်သက်လုံး သူငယ်ချင်းတွေလိုပဲ ထင်ထားခဲ့ကြပေမဲ့… သူငယ်ချင်းထက် ပိုတဲ့ခံစားချက်တွေ ရှိနေခဲ့ရင်ရော..." ဂရိတောင်ပေါ်ရွာလေးတစ်ရွာမှာ အတူကြီးပြင်းလာကြတဲ့ "အာဂျီရို" နဲ့ "အန်နီတာ" တိုဟာ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းနှစ်ယောက်ပါ အာဂျီရိုက လယ်ယာလုပ်ငန်းကို လုပ်ကိုင်တဲ့ သန်မာပြီး ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ရပ်တည်တတ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်သလို အန်နီတာကလည်း ရွာထဲမှာ လူသိများတဲ့ လက်သည်းအလှပြင်ဆရာမတစ်ယောက်ဖြစ်ပြီး ရွာငယ်လေးကနေ ထွက်ခွာကာ ဘဝအသစ်တစ်ခုကို စတင်ချင်နေတဲ့သူပါ ဒါပေမဲ့ အန်နီတာရဲ့ ဘဝမှာ အပြောင်းအလဲကြီးတစ်ခု ဖြစ်လာတဲ့အခါ သူတိုနှစ်ယောက်ရဲ့ ဆက်ဆံရေးဟာလည်း အရင်လို ရိုးရှင်းမနေတော့ပါဘူး အဲဒီအချိန်မှာပဲ အာဂျီရိုက ငယ်ငယ်ကတည်းက စိတ်ဝင်စားခဲ့ကြတဲ့ ဒဏ္ဍာရီဆန်ဆန် လျှိဝှက်ဂူကြီးတစ်ခုဆီကို အတူသွားကြဖို အန်နီတာကို ဖိတ်ခေါ်လိုက်ပါတယ် အဲဒီခရီးစဉ်ဟာ သူငယ်ချင်းနှစ်ယောက်အတွက် အတိတ်ကအမှတ်တရတွေကို ပြန်လည်အသက်သွင်းပေးမယ့် ခရီးတစ်ခုလား... ဒါမှမဟုတ် တစ်ယောက်နဲ့တစ်ယောက် ဖုံးကွယ်ထားခဲ့တဲ့ ခံစားချက်တွေနဲ့ လျှိဝှက်ချက်တွေကို ဖော်ထုတ်ပေးမယ့် ခရီးတစ်ခုလား... သူတိုနှစ်ယောက်ရဲ့ နှလုံးသားထဲမှာ တကယ်ရှိနေတဲ့အရာတွေကို ရင်ဆိုင်ရတဲ့အခါ ဘယ်လိုဆုံးဖြတ်ချက်တွေ ချမှတ်သွားကြမလဲဆိုတာ... ဂရိနိုင်ငံရဲ့ တောင်တန်းတွေနဲ့ သဘာဝအလှတရားတွေနဲ့အတူ လူငယ်ဘဝရဲ့ ရုန်းကန်မှုတွေ၊ လျှိဝှက်ချက်တွေနဲ့ မမျှော်လင့်ဘဲ ပြောင်းလဲသွားတဲ့ ခရီးလမ်းကို ခံစားချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားကို ကြည့်ရှုဖို ညွှန်း​ပေးလိုက်ပါတယ်

ဇာတ်လမ်းအကြောင်း