ဇာတ်ကားများ ရွေးရန်

Paro Pinaki Ki Kahani

2026ဇာတ်ကား92 မိနစ်

Paro Pinaki Ki Kahani 2026 အချစ်ခရီးကြမ်း IMDb 7.5 ကြမ်းတမ်းလှတဲ့ လူ့ဘဝရဲ့ အောက်ခြေအမှောင်ထုထဲက ပွင့်လန်းလာခဲ့တဲ့ အချစ်ရဲ့ ပန်းချီကားတစ်ချပ်။ ဆုံဆည်းခွင့်မသာခဲ့တဲ့ နှလုံးသားနှစ်စုံရဲ့ လျှို့ဝှက်ဆန်းကြယ် ဇ ာတ်လမ်းတစ်ပုဒ်အကြောင်း လှပစွာဖန်တီးတင်ဆက်ပေးထားပါတယ်။ လူ့အဖွဲ့အစည်းရဲ့ အောက်ခြေလွှာမှာ ရုန်းကန်လှုပ်ရှားနေကြရတဲ့ ဟင်းသီးဟင်းရွက် ရောင်းသူ အမျိုးသမီးလေးတစ်ဦးနဲ့ မြေအောက်ရေဆိုးမြောင်း သန့်ရှင်းရေးလုပ်သူ အမျိုးသားတစ်ဦး...။ သူတို့နှစ်ယောက်က မြို့ပတ်ရထားရဲ့ သန့်စင်ခန်းအတွင်းမှာ တိတ်တဆိတ် မကြာခဏ ဆုံတွေ့ကြရာကနေ သနားကြင်နာစိတ်နဲ့အတူ မထင်မှတ်ဘဲ နက်ရှိုင်းတဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ် စတင်ခဲ့ပါတယ်။ ခက်ခဲကြမ်းတမ်းလှတဲ့ သူတို့ရဲ့ ဘဝတွေကြားမှာ ဒီတိတ်တဆိတ် ဆုံတွေ့မှုလေးကပဲ သူတို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်နဲ့ ပျော်ရွှင်စရာ ကမ္ဘာလေး ဖြစ်လို့လာခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ အဲဒီအမျိုးသမီးလေးက အကြောင်းရင်းမရှိ ရုတ်တရက် ဆုံတွေ့ရာနေရာဆီ ပြန်လည်ရောက်ရှိမလာတော့ဘဲ အစအနမရှိ ပျောက်ကွယ်သွားခဲ့ပါတော့တယ်။ သူမ ဘာကြောင့် ပျောက်ကွယ်သွားတာလဲ၊ ဘဝရဲ့ ဖိနှိပ်မှုတွေကြားမှာ ဘယ်လိုဆိုးရွားတဲ့ အဖြစ်အပျက်နဲ့ ရင်ဆိုင်လိုက်ရတာလဲဆိုတာကို အမျိုးသားဖြစ်သူက စုံစမ်းဖော်ထုတ်ရင်း ဘာတွေ တွေ့ရှိသွားမလဲ။ ဆက်လက်ကြည့်ရှူလိုက်ပါဦး။ File size… 1.4 GB / 854 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 32m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း