ဇာတ်ကားများ ရွေးရန်

A Tribe Called Love

2026ဇာတ်ကားအမှတ် 6.7/1095 မိနစ်

A Tribe Called Love (2025) ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့ရဲ့ ကျဉ်းမြောင်းတဲ့ ဆိုမာလီ community အတွင်းမှာ ရန်ငြိုးဖွဲ့နေကြတဲ့ မျိုးနွယ်စု နှစ်စုက ဆိုမာလီ လူငယ်နှစ်ဦး အချင်းချင်း ချစ်ကြိုက်မိသွားကြပြီး... အသိုင်းအဝိုင်းရဲ့ ဖိအားတွေနဲ့ ပဋိပက္ခတွေကို ရင်ဆိုင်ရပုံကို ရိုက်ကူးထားတဲ့ ခေတ်သစ် Romeo and Juliet စတိုင် Romance / Drama ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့က ဆိုမာလီအများစုနေထိုင်ရာ ရပ်ကွက်ငယ်လေးထဲမှာ စတင်ထားတာပါ။ အဲ့ဒီ ရပ်ကွက်ထဲမှာ နှစ်ပေါင်းများစွာကတည်းက အချင်းချင်း မတည့်ဘဲ ရန်ငြိုးဖွဲ့လာခဲ့ကြတဲ့ ပြိုင်ဘက် မျိုးနွယ်စုနှစ်ခု ရှိပါတယ်။ ဒီလို တင်းမာမှုတွေနဲ့ ပြည့်နှက်နေတဲ့ အခြေအနေတွေကြားမှာပဲ အဆိုပါ community နှစ်ခုကဆိုမာလီ လူငယ်နှစ်ဦးဟာ မထင်မှတ်ဘဲ ချစ်ကျွမ်းဝင်သွားခဲ့ကြပါတော့တယ်။ သူတို့ရဲ့ အချစ်ဟာ မိသားစုတွေနဲ့ အသိုင်းအဝိုင်းကြားက ရန်ငြိုးတွေကို ကျော်လွှားနိုင်မလား၊ ဒါမှမဟုတ် အမုန်းတရားတွေကြောင့် ဝေးကွာသွားရမလားဆိုတာကို ပုံစံအသစ်နဲ့ကြည့်ရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း