ဇာတ်ကားများ ရွေးရန်

20th Century Girl

2022ဇာတ်ကားအမှတ် 8.3/10119 မိနစ်

Na Bora ရဲ့ သူငယ်ချင်းက နှလုံးရောဂါရှိလို့ အမေရိကန်မှာ ခွဲစိတ်ကုသမှု ခံယူဖို့ လိုနေပါတယ်။ ဒါပေမယ့် ကြိတ်ကြိုက်ရတဲ့ ကောင်လေးတစ်ယောက်ကို တွေ့သွားတဲ့အခါ ခွဲစိတ်ဖို့ မသွားချင်တော့ဘဲ ပေကပ်နေတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီကောင်လေးကလည်း သူတို့နှစ်ယောက်နဲ့ တစ်ကျောင်းတည်း၊ အတန်းတူ ဖြစ်နေပါတယ်။ သူငယ်ချင်း ခွဲစိတ်ကုသမှု ခံယူဖြစ်ဖို့အတွက် Na Bora က အကြံထုတ်ရတော့တယ်။ ၁၉၉၉ ခုနှစ်မှာ အီးမေးလ်အကောင့်ဖွင့်ရတာ မလွယ်ပေမယ့် သူငယ်ချင်းအတွက် ခက်ခက်ခဲခဲ ဖွင့်ပေးပြီး ကတိတစ်ခုလည်း ပေးလိုက်ပါတယ်။ အဲဒီနောက် အလွဲမျိုးစုံ ဆက်ဖြစ်လာတဲ့ လူငယ်အချစ်ဒရာမာမှာ Kim Yoo Jung နဲ့ Han Hyo Joo တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း