ဇာတ်ကားများ ရွေးရန်

Urvasivo Rakshasivo

2022ဇာတ်ကားအမှတ် 5.5/10144 မိနစ်

ဆရီးကူမားက အိမ်ထောင်မကျသေးလို့ အမေကိုယ်တိုင် ချွေးမလိုက်ရှာပေးနေရတဲ့ လူပျိုကြီးပါ။ သူ့မှာတော့ သဘောကျနေတဲ့ မိန်းကလေး ရှိနေပြီး သူတို့ရုံးနဲ့ မျက်စောင်းထိုးရုံးမှာ အလုပ်လုပ်တဲ့ စင်ဒူပဲ ဖြစ်ပါတယ်။ ဆရီးထိုင်တဲ့နေရာကနေ ပြတင်းပေါက်ကို ကြည့်လိုက်ရင် စင်ဒူထိုင်တဲ့နေရာကို အတိုင်းသားမြင်ရတော့ နေ့တိုင်း ရုံးတက်ရင်း သူ့ကို ငေးနေမိတယ်။ စင်ဒူက ခေတ်ဆန်တဲ့ မိန်းကလေးဖြစ်ပေမယ့် ဆရီးကတော့ အရက်ဆိုင်ရောက်ရင်တောင် အအေးပဲ မှာသောက်တတ်သူပါ။ မိန်းကလေးတစ်ယောက်ကို ဘယ်လို ချဉ်းကပ်ရမလဲဆိုတာ ဦးလေးဖြစ်သူက သင်ပေးနေရတဲ့အထိ အချစ်ရေးမှာ မကျွမ်းကျင်ဘူး။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးဟာ ဆရီးမျှော်လင့်ထားသလို ဖြစ်လာမလား၊ ဘယ်လိုအလှည့်အပြောင်းတွေ ကြုံလာရမလဲဆိုတာကို ဆက်ပြထားပါတယ်။ ဒီအချစ်ဇာတ်ကားဟာ ၂၀၁၈ ခုနှစ်ထွက် Pyaar Prema Kaadhal ကို ပြန်လည်ရိုက်ကူးထားတာပါ။

ဇာတ်လမ်းအကြောင်း