ဇာတ်ကားများ ရွေးရန်

Rememory

2017ဇာတ်ကားBlu-Ray 1080p

အရုပ်ငယ်လေးတွေနဲ့ မော်ဒယ်ပုံသေးသေးလေးတွေတည်ဆောက်တဲ့ပညာရှင်ဆမ်မျူရယ်ဘလွန်းဟာ သူ့ညီနဲ့ အရက်ဘားကနေအိမ်ကိုကားမောင်းအပြန်မှာ ကားမတော်တဆမှုဖြစ်ပွားပြီး သူ့ညီလေးသေဆုံးခဲ့ပါတယ်နောက် နှစ်နည်းနည်းကြာလာတဲ့အချိန်မှာ ဂေါ်ဒန်ဒန်းဆိုတဲ့ သိပ္ပံပညာရှင်တယောက်က ဦးနှောက်ထဲက မှတ်ဉာဏ်တွေကို အတိအကျပြန်လည်တူးဖော်ပေးနိုင်တဲ့ မှတ်ဉာဏ်ဖော်စက်ကို ရှေ့ပြေးပုံစံငယ်တည်ဆောက်နိုင်ခဲ့ပါတယ်ဂေါ်ဒန်ဒန်းမှာ ဂျိန်းလို့ခေါ်တဲ့သမီးလေးတယောက်ရှိပြီး အဲဒီသမီးလေးဟာ ကားမတော်တဆမှုတခုမှာ ဆုံးပါးသွားခဲ့ပါတယ် သမီးလေးဆုံးပါးပြီးတဲ့နောက် ဇနီးဖြစ်သူနဲ့ပါ အဆင်မပြေဖြစ်လာတဲ့ ဂေါ်ဒန်ဟာ သူ့သမီးငယ်လေးရဲ့ပုံရိပ်တွေကို ပြန်လည်မြင်တွေ့နိုင်ဖို့ မှတ်ဉာဏ်ဖော်စက်ကို ဖန်တီးခဲ့တာပါသူ့ကုမ္ပဏီက တာဝန်ရှိသူတွေကတော့ မှတ်ဉာဏ်ဖော်စက်ကို တည်ဆောက်တာက ကိုမာဝင်နေတဲ့လူနာတွေကို ပြန်လည်ကယ်တင်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စီးပွားတွက်တွက်ကြပါ တယ်အဲဒီ နမူနာပုံစံကို စျေးကွက်ကိုစတင်မိတ်မဆက်ခင် စက်ကိုစမ်းသပ်တုန်းက စမ်းသပ်ခံအနေနဲ့ ပါဝင်ခဲ့သူတွေဟာ စမ်းသပ်ခံ ပြီးနောက်မှာတော့ ပြဿနာမျိုးစုံကြုံခဲ့ရပြီး တီထွင်သူ ဂေါ်ဒန်ဒန်းလည်း ဒဏ်ရာမပေါ်ပဲ သေဆုံးခဲ့ရပါတယ် ဒါ့အပြင် မှတ်ဉာဏ်ဖော်စက်ကလည်း ပျောက်ခြင်းမလှပျောက်သွားခဲ့ပါ တယ်.....အဲဒီအချိန်မှာ ဂေါ်ဒန်ဒန်းရဲ့သမီးသေဆုံးမှုအတွက် အကြွေးတင်နေသလိုခံစားနေရတဲ့ ဆမ်ဟာ ဂေါ်ဒန့်သေဆုံးမှုကို အဲဒီမှတ်ဉာဏ်ဖော်စက်ကိုသုံးပြီး လိုက်ပါစုံစမ်းခဲ့ ပါတော့တယ် ...... Credit Review - Chan Myae Thu Aung

ဇာတ်လမ်းအကြောင်း