ဇာတ်ကားများ ရွေးရန်

Bigger

2018ဇာတ်ကားWeb-dl 1080p

ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့ 2018 September ကထွက်ရှိထားတဲ့ Bigger ဆိုတဲ့ဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်လမ်းကတော့ဖြစ်ရပ်မှန်ကိုအခြေခံထားပြီး ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီးအာနိုးရဲ့ကိုယ်ကာယဗလနည်းပြစရာ Joe Weider ရဲ့ဘဝအကြောင်းကိုပုံဖော်ရိုက်ကူးထားပါတယ်.. မင်းသားကြီးအာနိုးရဲ့ငယ်စဉ်ဘဝကိုလည်းတစ်စိတ်တစ်ပိုင်းတွေ့မှာပါ..Joe Weider ဟာယခုရေပန်းစားနေတဲ့ Gym အားကစားရုံတွေကိုယ်ကာယအလှအပဆိုင်ရာတည်ဆောက်မှုတွေခေတ်မစားခင်ကတည်းက အမေရိကန်ပြည်ထောင်စုမှာလူတိုင်းကိုစတင်မိတ်ဆက်ပေးခဲ့တာပါ... အဲဒီအချိန်ကလူတွေအလေးမကစားတာဟာ ကိုယ်ခန္ဓာကြီးထွားရုံသက်သက်နဲ့အားကြီးဖို့အတွက်ပဲဆိုတဲ့အတွေးအခေါ်တွေကိုရိုက်ချိုးခဲ့ပါတယ်..Joe ကိုယ်တိုင်လည်းကာယဗလမောင်တစ်ယောက်ဖြစ်ခဲ့ပြီး..သူကလူတိုင်းကိုအိမ်မှာပဲအလွယ်လုပ်နိုင်တဲ့အားကစားနည်းတွေ.. ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရတွေကိုဘယ်လိုမှီဝဲရမယ်...ကျန်းမာရေးနဲ့မညီညွှတ်တဲ့အစားအသောက်တွေကိုရှောင်ကြဉ်ပြီးလူတိုင်းလေ့ကျင့်ခန်းလုပ်သင့်ကြောင်း အစသဖြင့်သိပညာပေးလမ်းညွှန်ခဲ့တဲ့ ရှေ့ဆောင်လမ်းပြဆရာကြီးဖြစ်ပါတယ်။ အဲအခေတ်အခါက လူတွေရဲ့အသိအမြင်အားနည်းပုံကိုတွေ့ရသလို Joe ရဲ့ခေတ်မှီလွန်းတဲ့အတွေးအခေါ်အသစ်အဆန်းတွေကိုလည်းတွေ့ရမှာပါ.. Joe Weider နဲ့ Ben Weider တို့ညီအစ်ကို၂ဦးဟာသာမန်ဆင်းရဲသားလေး၂ယောက်ဘဝကနေ ကမ္ဘာကျော်ကာယအလှမောင်မဂ္ဂဇင်းများစွာနဲ့ နိုင်ငံတစ်ကာကာယဗလမောင်များအဖွဲ့အစည်းကြီး IFBB ကဲ့သို့ အင်ပါယာကြီးအထိပါတည်ဆောက်နိုင်ခဲ့ပုံကိုစိတ်ဝင်စားဖွယ်ရာကြည့်ရှုရမှာပါခင်ဗျ..ဒီဇာတ်ကားကို အားကစားလေ့လာသူများပဲကြည့်ရှုလို့ရမယ်ထင်ရင်မှားသွားပါမယ်..ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်ခန့်ခန့်ဒရာမာကားကောင်းများကြိုက်နှစ်သက်သူများအတွက် လုံးဝပျင်းစရာမကောင်းပဲကြည့်ရှုရပါမယ်။Joeတို့ညီအကိုရဲ့ဘဝကိုတော်ရုံအရှုံးမပေးပုံ..ကိုယ်လုပ်ချင်တာကိုတစိုက်မတ်မတ်လုပ်ဆောင်ပုံ..သူများထက်စိတ်ကူးစိတ်သန်းကောင်းခြင်းဖြင့်အောင်မြင်မှုဆီကိုဘယ်လိုခက်ခက်ခဲခဲတက်လှမ်းနိုင်ပုံတို့ကိုပညာပေးရိုက်ကူးထားတယ်..နောင်တစ်ချိန်ကမ္ဘာကျော်မင်းသားကြီးဖြစ်လာမဲ့ အာနိုးကိုလည်းလူမသိသူမသိနေရာမှခေါ်ဆာင်လာပြီးအရည်အသွေးမြင့်တဲ့လူတစ်ယောက်အဖြစ် ကာယဗလမောင်လောကမှာရောHollywood မှာပါ Arnold Schwarzenegger ဆိုတဲ့နာမည်တစ်ခုတွင်ကျန်အောင်ပျိုးထောင်ခဲ့ပေးပုံတို့ကိုလည်းကြည့်ရမယ်။ဒီဇာတ်ကားကိုFreestyleရုပ်ရှင်ထုတ်လုပ်ရေးကဖြန့်ချီပြီး ဒါရိုက်တာကတော့ George Gallo ပါ..နောက်ပြီးCWကလက်ရှိပြသနေတဲ့Supergirl ဇာတ်လမ်းတွဲထဲက Superman မင်းသားTyler Hoechlin ကခေါင်းဆောင်ပါဝင်ထားပါတယ်..IMDBမှာတော့ 7.0 အထိရရှိထားပြီး Rotten Tomatoes မှာတော့ 20%သာရထားပေမဲ့အလွန်ကြည့်ကောင်းတဲ့ဇာတ်ကားဖြစ်လို့ကြည့်ရှုအားပေးသင့်ပါကြောင်း. Credit - Review

ဇာတ်လမ်းအကြောင်း