ဇာတ်ကားများ ရွေးရန်

Elizabeth Harvest

2018ဇာတ်ကားBlu-Ray 1080p

အဲလိဇဘတ်​ ဆိုတဲ့ ငယ်​ငယ်​​ချော​ချော​ကောင်​မ​လေးနဲ့​ဒေါက်​တာ ဟင်​နရီ တို့ဟာလပ်​ထပ်​ပြီး​နောက်​​ဒေါက်​တာ ဟင်​နရီ ရဲ့ အိမ်​ကို​ပြောင်​းလာခဲ့ပါတယ်​ ​ဒေါက်​တာဟင်​နရီဟာ သူရဲ့​ဆေးပညာဆိုင်​ရာရှာ​ဖွေ​တွေ့ရှိမှု​တစ်​ခုကို မှတ်​ပုံတင်​နိုင်​ခဲ့ပြီးနောက်မှာ​တော့ ဘီလျံနာဘဝနဲ့သိပ္ပံပညာ​လောက က​နေအနားယူသွားခဲ့ပါတယ်​ဟင်​နရီရဲ့အိမ်​ကြီးက smart home လို့​​ပဲ​ပြောရမလားတံခါး​တွေကအစ codeနံပါတ်​​တွေ လက်​​ဗွေရာ​တွေနဲ့ဖွင်​့ရတာအလန်​းကြီး​ပေါ့​နော်​ အိမ်​ကြီးဆီ​ရောက်​တဲ့အခါ ဟင်​နရီက အဲလိဇဘတ်​ ကိုရှိသမျှ ရတနာ​တွေ​ ပိုက်​ဆံ​တွေ အကုန်​လုံးကိုမင်​းပိုင်​ပါတယ်​လို့​ပြောခဲ့တယ်​သူတစ်​ခုပဲ ​တောင်​းဆိုခဲ့တာ က အခန်​းတစ်​ခန်​းကို ဝင်​မကြည်​့ဖို့ပဲလူ့သဘာဝဆိုတာကလည်​း မကြည်​့နဲ့ဆိုမှပိုကြည်​့ချင်​ကြတာကိုးဒါနဲ့ဟင်​နရီအလုပ်​ကိစ္စနဲ့ခရီးထွက်​တဲ့တစ်​​နေ့မှာ​တော့ အဲလိဇဘတ်​ ဟာ တားမြစ်​ထားတဲ့အခန်​းကိုဝင်​ကြည်​့ခဲ့ပါတယ်​အခန်​းထဲမှာ​တွေ့လိုက်​ရတာ​တွေက​တော့………​…..ဟင်​နရီဖုန်​းကွယ်​ထားတဲ့ကြောက်​စရာ လှို့ဝှက်​ချက်​ကြီးတစ်​ခုပါပဲ အများကြီးထပ်​​ပြော​နေရင်​ ကြည်​့တဲ့အခါအရသာပျျက်​မယ်​(ခု​တောင်​​တော်​​တော်​​ပြောမိ​နေပြီလားပဲ) ဒီ​တော့ဘာဆက်​ဖြစ်​​ကြမလဲ ဘာလှို့ဝှက်​ချက်​​တွေလဲသိချင်​ရင်​​တော့​ဒေါင်​းသာကြည်​့ကြပါ​တော့... ရုပ်ရှင်ကားရဲ့အညွှန်းကိုတော့ Chanyein Soe (Channel Myanmar) မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း