Yes Man
ရုပ်ရှင်ကားနာမည်ကတော့ Yes Man လို့အမည်ရပါတယ်… ဇာတ်လမ်းပုံစံလေးကတော့ လူတချို့ရဲ့စိတ်ထဲမှာ အဆိုးမြင်ဝါဒလေးတွေ ရှိတတ်ကြပါတယ်… ငါကအပြောမကောင်းဘူး၊ ငါကအပေါင်းအသင်းမဆံ့ဘူး၊ ငါကမတော်ဘူး ဆိုပြီး တခါတလေ ကိုယ့်ကိုယ်အဆိုးမြင်မိတတ်ကြပါတယ်… သည်ဇာတ်ကားထဲမှာလည်း ကားလ်ဟာ ကိုယ့်ကိုယ်ကို အဆိုးမြင်တဲ့စိတ်တွေနဲ့ ဘောင်လေးထဲမှာပဲ ပျော်မွေ့နေသူပါ… ဒါပေမယ့် တနေ့မှာတော့ ဟောပြောပွဲတခုကို တက်ရောက်ပြီးတဲ့နောက်မှာ သူ့အမြင်တွေပြောင်းလဲသွားခဲ့ပါတယ်… သူဟာ အဲသည်ပွဲကနေ မကောင်းမြင်ဝါဒီကို တိုက်ဖျက်နိုင်တဲ့ “Yes” ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို သူနားလည်သွားခဲ့ပါတယ်… ကားလ်တစ်ယောက် ဟောပြောပွဲမှာ ဘာတွေနားထောင်ခဲ့ရလို့ သူ့ရဲ့အမြင်တွေပြောင်းလဲသွားရတာလဲ… ဟောပြောပွဲကပြန်လာပြီးနောက်ပိုင်း သူ့ဘဝမှာဘာတွေ ဖြစ်လာမလဲဆိုတာတော့ သည်ဇာတ်ကားထဲမှာ ဆက်ပြီးကြည့်ရှုပေးပါဦးနော်… သည်ဇာတ်ကားလေးက (၂၀၀၈)ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပေမယ့် IMDb rating 6.8 အထိရထားတာဆိုတော့ အခုထိပရိသတ်တွေ အသည်းစွဲနေဆဲပါပဲ… နောက်ပြီးတော့ မင်းသားကြီး Jim Carrey ဟာ သည်ဇာတ်ကားနဲ့ Best Comedic Performance ဆုကိုလည်း ရရှိထားသေးတာနော်… Credit Review YTV
ဇာတ်လမ်းအကြောင်း