ဇာတ်ကားများ ရွေးရန်

The Yinyang Master

2021ဇာတ်ကားWeb-dl 1080p

ဒီတစ်ခါတော့ မိစ္ဆာနဲ့လူသားတွေပါဝင်တဲ့ တရုတ်ကားလေးတစ်ကား တင်ဆက်ပေးပါ့မယ်။ လူ့ပြည်ကိုလာနှောက်ယှက်တဲ့ မိစ္ဆာတွေရန်ပိုကာကွယ်ပေးတဲ့ ယင်ယန်ဌာနဆိုတာရှိပါတယ်။ အဲ့ဌာနက ချိန်ခွင်ကျောက်ထဲမှာ မိစ္ဆာဘုရင်ကိုပိတ်လှောင်ထားပါတယ်။ အဲ့ချိန်ခွင်ကျောက်ကို ကာကွယ်သူယင်ယန်ဆရာတွေက စောင့်ကြပ်ကြည့်ရှုရပါတယ်။ချင်းမင်ကတော့ လူတစ်ပိုင်းမိစ္ဆာတစ်ပိုင်းဖြစ်ပြီး ငယ်စဉ်ကတည်းက ယင်ယန်ဌာနက မွေးစားပြီးကြီးပြင်းလာခဲ့တာပါ။ တစ်နေ့မှာတော့ ကာကွယ်သူအများအပြားအသတ်ခံလိုက်ရပြီး ချိန်ခွင်ကျောက်အခိုးခံရခါနီးဖြစ်သွားပြီး အခင်းဖြစ်တဲ့နေရာမှာ ချင်းမင်တစ်ယောက်ပဲ အသက်ရှင်ကျန်နေတဲ့အတွက် အကြီးအကဲတွေက မိစ္ဆာတစ်ပိုင်းဖြစ်တဲ့ချင်းမင်ကို စွပ်စွဲလို့ ချင်းမင်တစ်ယောက်ထွက်ပြေးခဲ့ရပါတယ်။ဒီလိုနဲ့ ၇ နှစ်ကြာပြီးတဲ့အခါ ချိန်ခွင်ကျောက်ကို ထပ်ခံခိုးယူမှုဖြစ်ပေါ်လာခဲ့ပြန်ပါတယ်။ ချိန်ခွင်ကျောက်ကို ဘယ်သူက ဘာအတွက်ခိုးယူနေတာလဲ။ ချင်းမင်ကရော တရားခံအစစ်လား။ မိစ္ဆာတိုင်းက ဆိုးပြီး လူသားတိုင်းကကောင်းနေတာလား။ စတဲ့မေးခွန်းများစွာကို ဇာတ်လမ်းလေးကြည့်ရင်း အဖြေရှာကြည့်ကြပါဦး။ Credit Review ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Myat Eaindray Khaing ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း