ဇာတ်ကားများ ရွေးရန်

Vivo

2021ဇာတ်ကားWeb-dl 1080p

Sony Pictures Animation ကဖန်တီးလိုက်ပြန်တဲ့ Netflixဇာတ်ကားလေး Vivo ကတော့ ၂၀၂၁ခုနှစ်၊ ဇွန်လ ၃ရက်နေ့မှာထုတ်လွှင့်ခဲ့ပါပြီ။ 2021 ခုနှစ်မှာလူတိုင်းစောင့်မျှော်နေတဲ့ Animation ဇာတ်ကားလေးတွေထဲက တစ်ခုအပါအ၀◌င်ဖြစ်တဲ့ Vivo ကတော့ Musical Comedy Drama film အမျိုးအစားလေးဖြစ်တာမို့သီချင်းချစ်သူလေးတွေကြိုက်နှစ်သက်ကြမှာတော့အသေအချာပါပဲ။ တောင်အမေရိကတိုက်၊ ကာရစ်ဘီယံပင်လယ်မြောက်ဘက်၊ ကျူးဘားကျွန်းဆွယ်ဒေသလေးကိုအခြေခံထားတဲ့ ဒီဇာတ်ကားလေးမှာ လက်တင်အမေရိကအငွေ့အသက်လေးတွေလွှမ်းခြုံနေပါတယ်။ အွန်ဒရေးဟာနွန်ဒက်စ်ဆိုတဲ့ ကျူးဘားကျွန်းဆွယ်လေးပေါ်ကဂီတပညာရှင်ဟာ သူမွေးထားတဲ့ကန်ကာဂျူးလေး ဗီဗို နဲ့အတူတူ မြို့သေးသေးလေးပေါ်ကလမ်းမတွေပေါ်မှာတေးသီချင်းတွေဖျော်ဖြေလေ့ရှိပါတယ်။ အွန်ဒရေးနဲ့ ဗီဗိုလေးတို့ရဲ့နေ့စဥ◌်ဘ၀ဟာသီချင်းသံတွေနဲ့ပျော်ရွှင်မှုတွေလုံလောက်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ အွန်ဒရေးဆီကို သူ့ရဲ့အချစ်ဦးမာတာဆီကစာရောက်လာခဲ့ပါတယ်။ ဟာဗားနားမြို့တော်ကြီးမှာနာမည်ကြီးအဆိုတော်တစ်ဦးဖြစ်နေတဲ့မာတာရဲ့နောက်ဆုံးဖျော်ဖြေပွဲကို အွန်ဒရေးကလိုက်သွားဖို့စိတ်အားထက်သန်ခဲ့ပေမယ့် ကံကြမ္မာရဲ့လှည့်စားမှုကြောင့် အွန်ဒရေးဟာဖျော်ဖြေပွဲကိုမသွားနိုင်ဘဲ ဘယ်တော့မှပြန်မလာနိုင်တော့မယ့် နောက်ဆုံးခရီးလမ်းကိုသာသွားခဲ့ရပါတော့တယ်။ ဒီလိုနဲ့ အွန်ဒရေးရဲ့အချစ်တော်လေးဗီဗိုဟာ အွန်ဒရေးအလွန်ပြင်းပြနေတဲ့ဆန္ဒတစ်ခုကိုဖြည့်ဆည်းပေးဖို့ကြိုးစားပါတော့တယ်။ ဒီအချိန်မှာပဲ အွန်ဒရေးရဲ့တူမလေးဖြစ်တဲ့ ဂီတကိုရူးသွပ်သူလေးဂါဘရစ်လာနဲ့တွေ့ဆုံခဲ့ချိန်မှာတော့... ဗီဗိုနဲ့ဂါဘရစ်လာတို့သူငယ်ချင်းနှစ်ယောက်အွန်ဒရေးရဲ့နောက်ဆုံးဆန္ဒကိုဘယ်လိုဖြည့်ဆည်းပေးဖို့ကြိုးစားကြမလဲ? မာတာကရော ငယ်သူငယ်ချင်းအွန်ဒရေးရဲ့ခံစားချက်တွေကိုသိသွားနိုင်ခဲ့မလား? ဒီဇာတ်ကားအတွက်ဘာသာပြန်နဲ့အညွှန်းရေးပေးသူကတော့ Erika Sean ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း