ဇာတ်ကားများ ရွေးရန်

Pipeline

ဇာတ်ကားWeb-dl 1080p

ဒီနေ့မိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ Pipeline ဆိုတဲ့ ၂၀၂၁ ထွက် ကိုရီးယားဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ ဓာတ်ဆီတွေဖြန့်ဖြူးဖို့အတွက် ကီလိုမီတာ ၁၂၀၀ ရှည်လျားတဲ့​မြေအောက်ပိုက်လိုင်းတွေကို အသုံးချကြပါတယ်။ ထိုပိုက်လိုင်းတွေကတဆင့် တရားမဝင်ဆီခိုးထုတ်ရင်း ငွေရှာတဲ့မှောင်ခိုသမားတွေလည်း အများအပြားရှိပါတယ်။ ထိုသူတွေထဲမှာမှ ဂန်ဆယ်ဒိုးဆိုတဲ့သူဟာ လွန်သွားဖောက်ရာမှာ တိကျပြီးမြန်ဆန်လို့ အတော်နာမည်ကြီးပါတယ်။ ဒါကြောင့်လည်း သူ့အယောင်ဆောင်အတုကောင်တွေကလည်း စျေးကွတ်ထဲမှာ ဒုနဲ့ဒေးပါပဲ။ဒီလိုနဲ့ တနေ့မှာ ငွေအလိမ်ခံလိုက်ပြီးနောက် အချီကြီးကြံနေတဲ့ သူဌေးတယောက်စီက ကမ်းလှမ်းမှုရလာခဲ့ပြီး တခြားငွေလိုနေတဲ့လူ ၃ယောက်နဲ့တူတူ အလုပ်လုပ်ရဖို့အကြောင်းဖန်လာခဲ့ပါတယ်။ သူတို့သူဌေးဆိုတဲ့သူရဲ့ ရည်ရွယ်ချက်က သူတို့ထင်သလောက်မရိုးရှင်းခဲ့ပါဘူး။ ဒီလိုနဲ့ သူတို့ရဲ့သူဌေးဆိုတဲ့သူကို ဖီဒိုးတို့တသိုက်ဘယ်လိုပညာပြပြီး တားဆီးခဲ့တယ်ဆိုတာသိရှိရဖို့ ဒီဇာတ်ကားလေးကို ကြည့်ရှု့ဖို့တိုက်တွန်းလိုက်ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Nyi Nyi ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း