ဇာတ်ကားများ ရွေးရန်

Antlers

2021ဇာတ်ကားWeb-dl 4K SDR

Horror Movie ပရိတ်သက်ကြီးအတွက် ၂၀၂၁ခုနှစ်၊ အောက်တိုဘာ ၂၈ရက်နေ့မှာထွက်ရှိထားတဲ့ Antlers ဆိုတဲ့ရုပ်ရှင်လေးနဲ့မိတ်ဆက်ပေးပါရစေ။ ထိတ်လန့်စရာကိုမှ ကွက်ကွက်ကွင်းကွင်းနဲ့ စောင်ခြုံကြားကချောင်းကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက်တော့ fully recommend ပေးပါတယ်နော်။ အမေရိကန်နိုင်ငံ၊ အိုရီဂွန်ဆိုတဲ့မြို့ငယ်လေးထဲက ဂရင်းမောက်သ်ဆိုတဲ့မိုင်းတွင်းမှာ တရားမဝင်ဆေးဝါးနဲ့ မူးယစ်ဆေးတွေလုပ်တဲ့လုပ်ငန်းအသေးလေးရှိပါတယ်။ အဲ့ဒီလုပ်ငန်းကိုလုပ်တဲ့ ဖရန့်ခ်ဝေဗာနဲ့ သူ့သူငယ်ချင်းတို့ဟာ မိုင်းတွင်းကနေပစ္စည်းတွေသိမ်းပြီးပြန်ဖို့လုပ်နေတုန်း ထူးဆန်းတဲ့ကြောက်မက်ဖွယ်အော်သံကြီးကိုကြားတာနဲ့ စပ်စပ်စုစုပဲ အသံလာရာအထဲဆီဝင်ကြည့်ခဲ့ကြပါတယ်။ အထဲကိုရောက်ရောက်ချင်း ထူးဆန်းတဲ့သတ္တဝါကြီးရဲ့တိုက်ခိုက်ခြင်းကိုခံရတဲ့အခါ သူငယ်ချင်းဖြစ်သူကထွက်ပြေးလွတ်မြောက်သွားပြီး ဖရန့်ခ်ဝေဗာကတော့မိုင်းတွင်းထဲမှာကျန်ခဲ့ပါတယ်။ အပြင်ကကားပေါ်မှာစောင့်နေတဲ့ ဖရန့်ခ်ရဲ့သားငယ်လေးက ဖခင်ဖြစ်သူပြန်ထွက်မလာတဲ့အတွက် မိုင်းတွင်းထဲလိုက်သွားခဲ့ရာမှာတော့... ကြောက်မက်ဖွယ်သတ္တဝါကြီးရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရတဲ့ ဖရန့်ခ်နဲ့ ဖခင်နောက်လိုက်သွားတဲ့သားလေးကဘာတွေဖြစ်သွားကြမလဲ...? အဲ့ဒီကနေစလိုက်တဲ့ နောက်ဆက်တွဲပြဿနာတွေက အိရီဂွန်မြို့လေးမှာဘယ်လိုခြောက်ခြားဖွယ်ကိစ္စတွေဖြစ်လိမ့်မလဲ...? ထိတ်လန့်ဖွယ်မြင်ကွင်းတွေအတွက် rated R ပေးထားတာမို့ ကလေးသူငယ်များတော့ကြည့်ဖို့မသင့်တော်ပါဘူးနော်။ ဒီဇာတ်လမ်းအတွက်ဘာသာပြန်နဲ့ အညွှန်းရေးသူကတော့ Erika Sean ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း