Ranam
အာဒီးက မူးယစ်ဆေးရာဇာ ဒါမိုဒါရ်ရတ်နမ်ဆီမှာ အလုပ်လုပ်တဲ့လူဖြစ်တယ်။ ဇာတ်လမ်းပုံစံကိုပြောရရင် မင်းသားက ဒဏ်ရာတွေနဲ့ လဲကျသွားတဲ့အခန်းနဲ့စထားပြီး နောက်ကြောင်းပြန်တဲ့ ဇာတ်လမ်းမျိုးပါ။ သူက အမေရိက-ကနေဒါ နယ်စပ်မှာရှိတဲ့ မူးယစ်ဆေးမြို့ ဒီထရိုက်မြို့အကြောင်းကို အရင်ဆုံးပြောပြပြီး တိုရန်တိုဆိုတဲ့မြေအောက်မာဖီယားဂိုဏ်းကနေ လူတိုင်း လွတ်မြောက်အောင်နေနေရတဲ့အကြောင်းတွေ ပါပါတယ်။ အာဒီးက ဦးလေးဖြစ်သူ ဘာစ်ကာရ်ရဲ့ ကားပြင်ဆိုင်ဖွင့်ဖို့အတွက် ဒါမိုဒါရိဆီကနေ ပိုက်ဆံချေးခဲ့ရတာကြောင့် သူ့အတွက် ဆေးအရောင်းအဝယ်လုပ်ပေးပြီး အကြွေးဆပ်နေရတဲ့လူပါ။ ဘာစ်ကာရ်ရဲ့သား အာဂျူးက ဆီမားရဲ့သမီး ဒီပီကားကိုကြိုက်နေတာပါ။ ဆီမားက အသက်ငယ်ငယ်နဲ့အိမ်ထောင်ကကျသွားပြီး ယောက်ျားဖြစ်သူဖောက်ပြန်လို့ အိမ်ထောင်ရေးပြဿနာကိုရင်ဆိုင်နေရသူပါ။ အာဒီးကအကြွေးကျေသွားတော့ ဒါမိုဒါရ်လင်အောက်ကနေ ထွက်ဖို့ကြိုးစားပေးမယ့် ဒါမိုဒါရ်က သူ့အတွက် အလုပ်ဆက်လုပ်စေချင်တာကြောင့် ဘာစ်ကာရ်ရဲ့သားအာဂျူးကို ထောင်ချောက်ဆင်ပြီး အကြွေးတင်အောင်လုပ်လိုက်ပါတော့တယ်။ တစ်ရက်ဒီပီကားက သူ့ကားပြင်ဖို့ အာဒီးတို့ဆိုင်ကိုလာရင်း အာဒီးကိုကြိုက်သွားပါတော့တယ်။ အာဒီးက အာဂျူးရဲ့အကြွေးကြောင့်အာဂျူးကိုသူ့အမျိုးတွေရှိတဲ့နေရာကိုပို့ဖို့လုပ်နေတုန်း အိမ်မှာအမေဖြစ်သူ ဆီမားနဲ့ ပြဿနာတက်လာတဲ့ဒီပီကားက ရောက်လာပြီး သူ့ကိုပါခေါ်သွားဖို့ပြောပါတော့တယ်။ အာဒီးကငြင်းတော့ အာဒီးဆေးရောင်းတာကိုသူသိတဲ့အကြောင်းပြောပြီး အကပ်ကိုင်ကာ သူ့ကိုဆေးအတင်းရောင်းခိုင်းပါတော့တယ်။ အာဒီးလည်းအကျပ်ကိုင်တာမခံနိုင်တော့ ရောင်းလိုက်ပါတယ်။ ဒီပီကားက ကလပ်မှာ ဆေးတွေအကုန်သောက်ပစ်ပြီး မေ့လဲသွားပါတော့တယ်။ ဆေးရုံရောက်တော့အသက်မမှီတော့ပါဘူး။ ဒီကနေစပြီး ဇာတ်ရှိန်တက်တာပါပဲ။ တကယ်မိုက်တဲ့ဇာတ်လမ်းဖြစ်လို့ လက်လွတ်မခံပဲကြည့်ဖို့ တိုက်တွန်းချင်ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Moe Nandar Aye ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း