ဇာတ်ကားများ ရွေးရန်

2.0

2018ဇာတ်ကားWeb-dl 1080p

ဒီကားကတော့ နည်းပညာအကြောင်းကိုဦးစားပေးရိုက်ကူးထားပြီး 2010မှာထွက်ရှိခဲ့တဲ့ 'Enthiran'ဆိုတဲ့ကားရဲ့ဒုတိယမြောက်ကားပဲဖြစ်ပါတယ်။ ချစ်တီးဆိုတဲ့လူသားပုံစံတူစက်ရုပ်ကို ပိတ်ပင်ထားခဲ့ပြီး နောက်ပိုင်းမှာတော့ဗာစီးဂါရန်တစ်ယောက်စက်ရုပ်အသစ်တွေဆက်ဖန်တီးနေခဲ့ပါတယ်။တစ်နေ့မှာတော့လူတစ်ဦးစီတိုင်းရဲ့ဆဲလ်ဖုန်းတွေနဲ့ဖုန်းဆိုင်ကဆဲလ်ဖုန်းတွေပါအကုန်လုံးလေထဲကိုလွင့်တက်သွားပြီး ခြေရာလက်ရာမကျန်အောင်ပျောက်သွားခဲ့ပါတယ်။ ဒါကို ဗာစီးဂါရန်ကသတိထားမိသွားကာ ထိုပျောက်ဆုံးနေတဲ့ဖုန်းတွေကိုလိုက်ရှာဖို့စုံစမ်းစစ်ဆေးရင်းမှာဖုန်းကလူကိုပါသတ်ဖြတ်လာကြောင်းသိလာခဲ့ရပါတယ်။ဒီဖုန်းတွေအခုလိုဖြစ်ရတဲ့အကြောင်းအရင်းနဲ့​နောက်ကွယ်ကလူကဘယ်သူလဲ ဘာကြောင့်ဒီလိုလုပ်ရသလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ကားမို့ အခုလိုပဲညွှန်းပေးလိုက်ရပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Zen ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း