ဇာတ်ကားများ ရွေးရန်

Panama

2022ဇာတ်ကားWeb-dl 1080p

ဒီတခါမိတ်ဆက်ပေးချင်တာကတော့ Pananma ဆိုတဲ့ မင်းသားကြီး Gibson ပါဝင်ထားတဲ့ အက်ရှင်ကားကောင်းလေးပါ အီရန် ကွန်ထရာ အရေးမှာ Gibson က အမေရိကန်ကာကွယ်ရေးဌာနက အကြီးအကဲတဦးပါ အခြေအနေတခုကြောင့် ကွန်ထရာတို့ဆီကို အမေရိကန်အခြေစိုက်ခံတပ်က CIA အကူအညီနဲ့ လက်နက်ထောက်ပံ့ဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေမှာ တခြားနည်းတခုကိုပြောင်းစဥ်းစားရပါတော့တယ် အစီအစဉ်က ဆိုဗီယက် ရဟတ်ယာဉ်တစင်းကိုဝယ်ယူပြီးတော့ တဖက်ကို လက်နက်ပို့ပေးဖို့ပဲဖြစ်ပါတယ် ဒီတာဝန်အတွက် မိန်းမဆုံးပါးသွားလို့ အရက်သမားလုံးလုံးဖြစ်နေတဲ့စစ်မှုထမ်းဟောင်း Becker ကိုခေါ်ယူပြီး လုပ်ဆောင်ခိုင်းခဲ့ပါတယ် Becker ကလည်း ခေါင်းမာပြီး လုပ်ချင်ရာလုပ်တတ်တဲ့သူမို့လို့ ကာကွယ်ရေးဌာနက အားမကိုးချင်ကြပါဘူး ဒါပေမယ့် Becker က Gibson ရဲ့ အားအထားရဆုံးသူတယောက်ပါ တာဝန်အတွင်း ပနားမားမှာ Becker တယောက် ဘယ်လိုလူတွေနဲ့ပတ်သတ်မိမလဲ ရဟတ်ယာဥ်ကိုရော ရယူနိုင်ပါ့မလားဆိုတာ ကြည့်လိုက်ပါဦးခင်ဗျာ....... ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်တင်ဆက်သူကတော့ Tomato ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း