ဇာတ်ကားများ ရွေးရန်

The Cursed

2022ဇာတ်ကားWeb-dl 1080p

၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၁၈ရက်နေ့ကထွက်ရှိခဲ့တဲ့ Horror Movie “The Curse” ကတော့သရဲကားမှကြိုက်နှစ်သက်ပါတယ်ဆိုတဲ့သူတွေအတွက် အပြည့်အဝ Recommend ပေးပါတယ်နော်။ ပြင်သစ်နိုင်ငံရဲ့ ၁၉ရာစုကိုနောက်ခံထားပြီးရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ်။ နေရာအနှံ့လှည့်လည်နေတဲ့ဂျစ်ပစီအုပ်စုတစ်စုဟာ မြို့ပြကြီးနဲ့ဝေးကွာတဲ့ကျေးရွာငယ်လေးတစ်ခုကို ရောက်ရှိလာခဲ့ပြီး သူတို့ရဲ့အတိတ်ကသမိုင်းကြောင်းတွေနဲ့ ပတ်သက်မှုတွေရှိခဲ့တဲ့ ကွင်းပြင်မြေနေရာအချို့ကိုသူတို့ရဲ့ပိုင်ဆိုင်မှုအဖြစ် ကျေးရွာအကြီးအကဲတွေကိုတောင်းဆိုခဲ့ကြပါတယ်။ အကြီးအကဲရှေးမက်စ်လောရန့်ခေါင်းဆောင်တဲ့အကြီးအကဲတွေကလည်း မြေနေရာကိုမပေးချင်တဲ့အတွက် ကြေးစားတွေငှားပြီးဂျစ်ပစီတွေကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပါတယ်။ ဒါ့အပြင် ဂျစ်ပစီအုပ်စုရဲ့ခေါင်းဆောင်အမျိုးသမီးကြီးရဲ့ကျိန်စာပါဝင်တဲ့ ငွေရောင်သွားကိုပါထိုမိန်းမကြီးနဲ့အတူမြုပ်နှံပစ်ခဲ့ပါတယ်။ ကျိန်စာနဲ့ကံကြမ္မာစေခိုင်းမှုအရ ငွေရောင်သွားကိုတွေ့သွားတဲ့သူတွေကတော့ ရှေးမက်စ်လောရန့်ရဲ့သားနဲ့ သမီးရယ်၊ သူတို့ရဲ့အလုပ်သမားကလေးတွေပါပဲ။ အလိုလောဘကြီးတဲ့အကြီးအကဲရှေးမက်စ်လောရန့်က သူ့လုပ်ရပ်အတွက်ဘယ်လိုအကျိုးဆက်တွေရရှိမလဲ။ မျိုးဆက်တစ်ဆက်ရဲ့မဆင်ခြင်တဲ့လုပ်ရပ်ကြောင့် “သားစဉ်မြေးဆက်အကုန်လုံးအထိသင့်စေမယ့် ကျိန်စာ” ကဘယ်လိုကြောက်စရာကောင်းအောင်အားလုံးကိုဒုက္ခပေးမလဲဆိုတာကတော့... သွေးသံရဲရဲနဲ့အလွန်အမင်းကြမ်းတမ်းတဲ့ပုံဖော်မှုတွေပါတာကြောင့် ကလေးသူငယ်များကြည့်ရှုဖို့တော့မသင့်တော်ပါဘူးနော်။ ဒီဇာတ်ကားကိုဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Erika Sean ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း