Trust No One: The Hunt for the Crypto King
အခုတစ်ခေါက် ထပ်မိတ်ဆက်ပေးချင်တာကတော့ မကြာသေးခင်က ထွက်ရှိထားတဲ့ Netflix documentaryတစ်ခုပဲဖြစ်ပါတယ်။ Bitcoinတို့ cryptocurrencyတို့ ဆိုတာမျိုးကို တော်တော်များများ ကြားဖူးနားဝရှိကြမှာပါ။ လောဘကြီးရင် အလိမ်ခံရမယ်လို့ တတ်သိနားလည်တဲ့သူတွေက သတိပေးကြတာကိုလည်း တွေ့ဖူးကြမှာပါ။ ဒီdocumentaryလေးကလည်း cryptocurrencyလောကက အကြီးစားလိမ်လည်မှုတစ်ခုအကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ်။ ပြဿနာတွေဟာ ကနေဒါက Cryptocurrency လဲလှယ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Quadrigaရဲ့တည်ထောင်သူ Gerald Cottenရဲ့ သေဆုံးမှုကနေစပါတယ်။ Gerald Cottenသေဆုံးသွားပြီးတဲ့နောက် အသုံးပြုသူတွေဟာ Quadrigaထဲမှာထည့်ထားတဲ့ပိုက်ဆံတွေကို ပြန်ထုတ်လို့မရတော့ဘူးဆိုပြီး ပြဿနာစတက်ပါတော့တယ်။ ကုမ္ပဏီဘက်ကတော့ အသုံးပြုသူတွေရဲ့ ပိုက်ဆံတွေနဲ့ Bitcoinတွေကို Gerald Cottenတစ်ယောက်တည်းကပဲ ကိုင်တွယ်လာခဲ့တာဖြစ်ပြီး တခြား ဘယ်သူမှ ဝင်ရှာ၊ဝင်ကြည့်လို့မရဘူးလို့ ဖြေရှင်းချက်ပေးလာပါတယ်။ အဲဒီဖြေရှင်းချက်ကြောင့် လူတွေဟာ Gerald Cottenက သေချင်ယောင်ဆောင်ပြီး သူတို့ပိုက်ဆံတွေကို ခိုးသွားတာလားလို့ သံသယဝင်လာပါတော့တယ်။ အဲဒီလို သံသယဝင်လာတဲ့ အသုံးပြုသူတွေပူးပေါင်းပြီး အဖြစ်မှန်ကို ဖော်ထုတ်ခဲ့ကြပုံကို မှတ်တမ်းတင်ထားတဲ့ documentaryလေးပဲဖြစ်ပါတယ်။ Cryptocurrencyအကြောင်း မသိတဲ့သူတွေလည်း အခကအခဲမရှိ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Maria ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း