ဇာတ်ကားများ ရွေးရန်

Burying The Ex

2014ဇာတ်ကားBlu-Ray 1080p

ထာဝရအတူတူရှိနေမယ်ဆိုတဲ့ ကတိစကား တစ်ခွန်းက ချစ်နေကြတဲ့အခိုက်မှာတော့ သိပ်ကိုကြည်နူးစရာကောင်းတဲ့ စကားလုံးလေးပေါ့။ မက်စ်ကလည်း သူ့ချစ်သူအယ်ဗလင်ကို ထာဝရအတူရှိနေပါ့မယ်ဆိုတဲ့ ကတိပေးခဲ့တယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့အကျင့်စရိုက်တွေဟာ တစ်ယောက်နဲ့တစ်ယောက်မတူညီကြတော့ မက်စ်က သူ့ကောင်မလေးကို စိတ်ကုန်လာပြီး အဆက်ဖြတ်ချင်လာတယ်။ အဲဒီလိုလမ်းခွဲဖို့ကြိုးစားနေတုန်းမှာပဲ အယ်ဗလင်က ကားတိုက်ပြီး သေဆုံးသွားတယ်။ ဒါပေမဲ့ အယ်ဗလင်က ကတိစကားအတိုင်း မက်စ်နဲ့ထာဝရအတူနေဖို့ အုတ်ဂူထဲကနေထွက်ပြီး မက်စ်ဆီပြန်လာခဲ့တယ်။ မက်စ်က သေဆုံးပြီးသားသူ့ချစ်သူ သူ့အိမ်ကိုပြန်လာတာ သိသွားတဲ့အခါ....သူပေးထားတဲ့ကတိတည်ကို တည်နိုင်အုန်းမလား။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Marip Pan ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း