ဇာတ်ကားများ ရွေးရန်

The Do-Over

2016ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးကတော့ သူငယ်ချင်းနှစ်ယောက်ရဲ့ ပျော်ရွှင်စရာစွန့်စားခန်းလေးအကြောင်းပဲဖြစ်ပါတယ်။ ဘဝမှာ ငယ်ငယ်တုန်းကအတိုင်း ဘာမှမပြောင်းလဲသေးတဲ့ အရှုံးသမားလေး ချာလီဟာ ကျောင်းရဲ့ Queenနဲ့ အိမ်ထောင်ကျထားတယ်ဆိုပေမယ့် မယားပါသားနှစ်ယောက်ကို စောင့်ရှောက်နေရတာကလွဲရင် ဘာမှမခံစားရတဲ့ ကောင်လေးဖြစ်ပါတယ်။ တစ်ဖက်မှာတော့ မက်စ်ဆိုတဲ့လူဟာ ချာလီရဲ့ငယ်သူငယ်ချင်းဖြစ်ပြီး ချာလီကို ဒီလိုဘဝမျိုးထဲမှာ မကြည့်ရက်လို့ ကယ်တင်မယ့်လူတစ်ယောက်ပေါ့။ တစ်နေ့မှာ မက်စ်ဟာချာလီနဲ့အတူပျော်ပါးပြီးနောက် သေဆုံးမှုအတုကို ပြုလုပ်ခဲ့ပြီး ဘွတ်ချ်ရိုက်ဒါနဲ့ ရော်နယ်ပီ ဖစ်ရှ်မန်းဆိုတဲ့ လူနှစ်ယောက်အဖြစ်ပြောင်းလဲခဲ့ပါတယ်။ အစပိုင်းမှာတော့ အဆင်ပြေခဲ့ပေမယ့် ဘွတ်ချ်နဲ့ ရော်နယ်တို့နဲ့ ပြဿနာရှိတဲ့လူတွေ လိုက်သတ်တာကိုခံနေရတာကြောင့် ဘာကြောင့်ဒီလိုဖြစ်နေလဲဆိုတာကို အဖြေရှာရှင်း စွန်းစားခန်းတစ်ချို့ဖွင့်ခဲ့ရပါတယ်။ အရမ်းကောင်းတဲ့ ဇာတ်ကြောင်းတွေနဲ့အတူ ပျော်ရွှင်စရာလေးတွေကိုပါ ထည့်သွင်းရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Adrian ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း