ဇာတ်ကားများ ရွေးရန်

Gargi

2022ဇာတ်ကားWeb-dl 1080p

အိန္ဒိယနိုင်ငံမှာဆယ့်ခြောက်မိနစ်စီတိုင်းအမျိုးသမီးငယ်တစ်ယောက်စီအဓမ္မပြုကျင့်ခံနေရပါတယ်။ဒါ့အပြင်သက်ငယ်မုဒိမ်းမှုတွေကလဲအဘက်ဘက်ကပါဝင်နေပါသေးတယ်။ဒီကားကတော့ 'ဂါဂီ'ဆိုတဲ့အမျိုးသမီးငယ်နှင့်သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်တဲ့အကြောင်းအရာကိုအသားပေးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဂါဂီဟာကျောင်းဆရာမလေးတစ်ဦးဖြစ်ပြီး တစ်နေ့မှာတော့ဂါဂီကျောင်းကနေစာပြပြီးပြန်လာချိန်အဖေအိမ်ပြန်မရောက်သေးတာကြောင့် မေးမြန်းကာလိုက်လာခဲ့ရင်းကအဖေဖြစ်သူဟာ ကလေးငယ်တစ်ယောက်ကိုအဓမ္မပြုကျင့်သည်ဆိုတဲ့ခေါင်းစဥ်အောက်အထိန်းသိမ်းခံထားရကြောင်းမထင်မှတ်ပဲသိလိုက်ရပါတယ်။ အံ့သြသွေးပျက်စရာအကြောင်းကိုကြားသိလိုက်ရတဲ့ဂါဂီတစ်ယောက်သူ့အဖေဖြစ်သူတကယ်ပဲလုပ်ခဲ့တာလား ဒါမှမဟုတ် မတရားချောက်ချခံရခြင်းလားဆိုတာကိုစုံစမ်းစစ်ဆေးဖို့အပတ်တကုတ် ကြိုးစားရင်း မထင်မှတ်ထားတာတွေဖြစ်လာတဲ့အခါ ဂါဂီတစ်​ယောက်ဘယ်လိုဆက်လုပ်မလဲ။ အမှန်တရားဘက်ကပဲရပ်တည်မလား ဒါမှမဟုတ် အမှန်တရားကိုဖုံးကွယ်ပြီးဆက်နေထိုင်သွားမှာလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Zen ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း