ဇာတ်ကားများ ရွေးရန်

SLR

2022ဇာတ်ကားWeb-dl 1080p

ကင်မရာတစ်လုံးက လူတွေရဲ့အသက်ကိုနှုတ်ယူတယ်ဆိုတာ ဖြစ်နိုင်လား။ ဓာတ်ပုံပညာမေဂျာရဲ့ထိပ်တန်းကျောင်းသားဖြစ်တဲ့ ဒန်ဟာ သူ့ရဲ့ဘွဲ့ကြိုစာတမ်းအတွက် ပြင်ဆင်တဲ့နေရာမှာ သူ့ရဲ့ပါမောက္ခကသူ့ကို SLRကင်မရာတစ်လုံးပေးခဲ့ပြီး အဲဒီကင်မရာနဲ့ လူ၇ယောက်ရဲ့ဓာတ်ပုံတွေကိုရိုက်လာဖို့ခိုင်းလိုက်ပါတယ်။ ဒန်က သူ့သူငယ်ချင်းနှစ်ယောက်နဲ့အတူ လူတွေရဲ့ဓာတ်ပုံကိုလိုက်ရိုက်ရင်း ၆ယောက်မြောက်ဓာတ်ပုံရိုက်ပြီးတဲ့နောက်မှာ ထူးဆန်းတဲ့အဖြစ်ဆိုးကြီးတစ်ခုဖြစ်နေပြီဆိုတာကို သူတို့သဘောပေါက်သွားကြပါတယ်။ ဒန်နဲ့သူ့သူငယ်ချင်းနှစ်ယောက် အဲဒီအဖြစ်ဆိုးကြီးကို ဘယ်လိုရင်ဆိုင်သွားကြမလဲ။ အဲဒီထူးဆန်းတဲ့အဖြစ်ဆိုးကြီးကရော ဘာဖြစ်မလဲ။ ဒန်ရဲ့ပါမောက္ခပေးထားတဲ့ကင်မရာကပဲ ပြဿနာရှိနေတာလား။ ဒီလိုစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကို ဒီဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါ။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း