One way
အခု ရုပ်ရှင်လေးကတော့ Machine Gun Kelly ရဲ့ အသစ်ထွက်ထားတဲ့ One Way ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဖရက်ဒီ ဆိုတဲ့ လူငယ်တစ်ဦးက အရင်သူ အလုပ်လုပ်ခဲ့တဲ့ ရာဇဝတ်ဂိုဏ်းတစ်ခုကနေ ဘိန်းတွေ ပိုက်ဆံတွေ ယူပြီး ထွက်ပြေးလာခဲ့တာပါ။ အများသုံးဘတ်စ်ကားနဲ့ ထွက်ပြေးတဲ့ ဖရက်ဒီက သေနတ်လဲ ထိမှန်ထားတာကြောင့် ဒုက္ခတွေလဲ ရင်ဆိုင်နေရပါတယ်။ ဒီပိုက်ဆံတွေကိုယူပြီး မိန်းမနဲ့ သမီးကို ပေးချင်တဲ့ ဖရက်ဒီတစ်ယောက် သူ့နောက်ကို လိုက်နေတဲ့ လူဆိုးဂိုဏ်းက လွတ်မြောက်နိုင်ပါ့မလား။ အဆုံးသတ်မှာ ဘာဖြစ်သွားမလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့ MTK_May ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း