ဇာတ်ကားများ ရွေးရန်

EXO Next Door

2015ဇာတ်ကားအမှတ် 7/10Blu-Ray 1080p

ဒီဇာတ်ကားလေးကတော့ ၂၀၁၅တုန်းက ထွက်ရှိခဲ့တဲ့ Web Drama လေးပါ။ ပရိသတ်ကြီးတို့ရော ကိုယ့်အိမ်နားကို ကိုယ်သဘောကျရတဲ့ အိုင်ဒေါလ်တွေ၊ နာမည်ကျော်တွေ ပြောင်းလာခဲ့ရင် ဘယ်လိုနေကြမလဲ။ ဒီဇာတ်လမ်းထဲက ကံထူးသူ ဂျီယွန်ဟီးကတော့ အိမ်ခြံမြေအကျိုးဆောင် အမေရယ်၊ ပေါကြောင်ကြောင် မောင်လေးရယ်နဲ့ အတူနေတဲ့ အသက် ၂၃နှစ်အရွယ် သာမန်ကျောင်းသူလေးတစ်ယောက်ပါ။ သူ့မှာ ရှက်လာရင် ကျောက်တုံးလို မလှုပ်မယှက်နိုင်ဖြစ်ပြီးတော့ မျက်နှာတွေနီရဲလာတတ်တဲ့ အားနည်းချက်ရှိတာကြောင့် အခုအချိန်အထိ FA ဖြစ်နေသူပေါ့။ တစ်နေ့တော့ အေးအေးလူလူ ရပ်ကွက်မှာ လူမသိသူမသိ ခဏနေဖို့ပြင်နေတဲ့ Exo အဖွဲ့ဝင် ၄ယောက် သူတို့ရပ်ကွက်ထဲ ပြောင်းလာခဲ့ပါတယ်။ ဖြစ်ချင်တော့ Exo တို့ နေတဲ့အိမ်က ယွန်ဟီးတို့ရဲ့ အိမ်ရှေ့အိမ် ဖြစ်နေခဲ့တယ်။ ယွန်ဟီးတစ်ယောက် Exo တို့အိမ်မှာ သန့်ရှင်းရေး အချိန်ပိုင်းလုပ်ပေးရဖို့ ဖြစ်လာပြီးတော့ သူ့ရဲ့ အားနည်းချက်ကြောင့် တလွဲတွေလုပ်တော့တာပေါ့။ အဲ့ဒါတင်မကဘဲ Exo အဖွဲ့ဝင်တစ်ယောက်က သူ့ရဲ့ ကလေးဘဝက သူငယ်ချင်းဖြစ်နေတာကို သိလိုက်ရတဲ့အခါ... နမော်နမဲ့ကောင်မလေးနဲ့ Exo အဖွဲ့ဝင်တွေကြားက အလွဲတွေကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ ပေါ့ပေါ့ပါးပါး ဇာတ်လမ်းလေး ဖြစ်တဲ့အပြင် Exo ပရိတ်သတ်တို့အတွက်လည်း လွန်ခဲ့တဲ့ ၇နှစ်က Exo တို့ရဲ့ ပုံရိပ်ကို ပြန်လည်မြင်တွေ့ခံစားနိုင်မှာဖြစ်တဲ့ Exo Next Door ဇာတ်လမ်းလေးကို M-Sub Movie မှာ ကြည့်ရှုနိုင်ပါပြီ။ ဇာတ်ကားအညွှန်းနဲ့ ဘာသာပြန်သူကတော့ June Rose ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း